Meet again [ part-6 ]

249 29 4
                                    

_________6 years later🌷✨________
Airport ကနေလှပကျော့မော့စွာဆင်းလာတဲ့ကောင်မလေး။ ထိုကောင်မလေးကတော့ 'ငယ်' ဆိုတဲ့ကောင်မလေးဘဲဖြစ်တယ်။ အိမ်ပြန်ရောက်တော့ သူခြေကုန်လက်ပမ်းကျပြီး အိပ်ယာပေါ်ပစ်လှဲချပစ်လိုက်တယ်။ အခုဆိုသူက လှပကျော့မော့တဲ့မိန်းမပျိုလေးတစ်ဦးပေါ့။ အခန်းထဲဝင်လိုက်တာနှင့် အရင်ကအငွေ့သက်တွေပြန်ရလာပြီး သိမ်းထားခဲ့တဲ့ သေတ္တာသေးသေးလေးထဲကနေ သူဒီနှစ်တွေအတွင်းတစ်မြတ်တစ်နိုးအမြဲတမ်းကိုယ်နှင့်မကွာယူသွားတတ်တဲ့ကြယ်သီးလေးကိုထုတ်လိုက်ပြီး
"ဟူး အကိုအခုဆိုဘယ်လိုများနေမလည်း ကောင်မလေးတွေများရနေပြီလား ငယ်ပေးတဲ့လည်စည်းလေးကိုရော သိမ်းထားတုံးလားဟင်...အကို့ကိုတွေ့ချင်တယ် ဒီလောက်ပါဘဲအခုဆိုငယ်တို့နှစ်ယောက်လုံးအရွယ်ရောက်နေကြပြီ ငယ်အခုဆို company တစ်ခုမှာငယ့်အရည်အချင်းနှင့် ထိုက်တန်တဲ့အလုပ်တစ်ခုရခဲ့ပြီအကို"
'ငယ်' ကြယ်သီးလေးကိုတစ်စိမ့်စိမ့်ကြည့်ရင်း အတိတ်ကအကြောင်းတွေတွေးပြီး မျက်ရည်တွေကျလာပြန်တယ်။
"မိုးတွေရွာရင် အကို့ကိုအရမ်းလွမ်းတာဘဲ အမြဲငယ့်ကိုနှစ်သိမ့်ပေးခဲ့တဲ့ ရင်ခွင်နွေးနွေးလေးကိုရော ကော်ဖီနွေးနွေးလေးကိုပါ လွမ်းတယ်"
'ငယ်' လည်းတစ်နေကုန်နောက်ဆုံးအမှတ်တရလေးကို ကြည့်ရင်းငိုနေခဲ့တယ်။ တစ်နေ့ကုန်သွားပြီး နံနက်ဖြန်နံနက် သူ့ပထမဦးဆုံးအလုပ်ရှိတဲ့ company ကိုဦးတည်ပြီး လာခဲ့တယ်။ သူ London မှာပညာသင်ခဲ့ပေမဲ့လည်း ကြီးကျယ်ခမ်းနားတဲ့ဘဝနှင့် အဆင့်မြင့်တဲ့သူတွေရှိတဲ့ပတ်ဝန်းကျင်မှာမနေလို။ သာမန်အတိုင်းလေးဘဲ သူ့အရည်အချင်းကိုအသိအမှတ်ပြုပေးပြီး အေးဆေးတဲ့ဘဝမျိုးကိုဘဲ အလိုရှိနေမိတယ်။ အဓိက ကတော့ သူသဘောကျရတဲ့အကိုရှိတဲ့ ပတ်ဝန်းကျင်မှာဘဲနေချင်မိတာပါဘဲ။ အလုပ်ကိုရောက်တာနှင့် သူ့အတွက်ပြင်ပေးထားတဲ့ စားပွဲလေးမှာဝင်ထိုင်လိုက်ရင်း အလုပ်သင်တစ်ယောက်လုပ်ရမဲ့ အလုပ်တွေကိုလုပ်နေလိုက်တယ်။ 'ငယ်' ကတော့ဘာအလုပ်ကိုမှ အတွေ့အကြုံမရှိလေတော့ဒီ company မှာ အသားကျဖို့အချိန်ယူရအုံးမယ်ထင်သည်။ သူထို‌နေ့တစ်နေ့လုံးအထက်စီနီယာတွေဆီက အားသွန်ခွန်စိုက်သင်ယူတယ်။ အလုပ်ကသူတွေကလည်း အခုမှအလုပ်သင်လေးဆိုပြီး ခွဲခြားဆက်ဆံတာမျိုးမရှိဘဲ သူတို့တတ်သမျှကိုဆရာစားမချန်သင်ပေးသည်။ ထိုနေ့ကတော့ ရုံးတက် တက်ချင်းနေ့ ၊ အပင်ပန်းဆုံးနေ့လည်းဖြစ်တယ်။ နောက်နံနက်သွားဖို့တောင် သူအားမရှိတော့ပေ။ ဒါပေမဲ့သူပင်ပန်းတိုင်း သူ့ကိုအတိတ်ကအမှတ်တရတွေ အတိတ်ကသဘောကျရတဲ့အကို့ရဲ့စကားတွေက အမြဲနှစ်သိမ့်ပေးသည်။ နံနက်ဖြန်နံနက်...
"အား ငါ့ရဲ့ရုံးတက်ရက်ဒုတိယနေ့လေးမှာ နောက်ကျရင် CEO တော့ကလော်တုတ်အုံးမယ်ထင်တယ်"
ထင်တဲ့အတိုင်း သူနောက်ကျနေပါပြီ။
"လစာကမနေ့ကမှ ကြိုထုတ်ထားတာ ဒီနေ့ဒဏ်ငွေဆောင်ရတော့မယ် သောက်ကျိုးနည်းဘဝကြီး"
သူပွစိပွစိညည်းပြီး တစ်ခြားနောက်ကျတဲ့လူတွေနောက်မှာ တန်းစီလိုက်တယ်။
"အံမယ် ဒီလိုကျငါတစ်ယောက်ထဲနောက်ကျတာမဟုတ်ဖူးဟ ခစ်ခစ်"
'ငယ်' ဒဏ်ငွေဆောင်ပြီး သာသာယာယာသီချင်းလေးညည်းရင်း သူ့နေရာကိုအလာသူ့မျက်နှာချင်းဆိုင်ကနေရာမှာ အိတ်တွေ ၊ files တွေချထားတာကို တွေ့သွားတော့သူ့ဘေးက စီနီယာအမတစ်ယောက်ကိုမေးလိုက်သည်။
"အမ ဒီနေရာကငယ့်လိုအသစ်ရောက်တဲ့သူလားဟင်"
"မဟုတ်ပါဖူး သူဒီမှာအလုပ်လုပ်တာ 3 နှစ်တောင်ရှိပြီ မနေ့ကသူ‌နည်းနည်းနေမကောင်းလို့ဆိုပြီး ရုံးပျက်ထားတာလေ"
"အာဟုတ်လား ဖြေပေးလို့ကျေးဇူးပါနော်"
'ငယ်' ကျေးဇူးတင်စကားပြောရင်း သူ့နေရာလေးမှာဝင်ထိုင်လိုက်တယ်။ ခဏကြာတော့ မျက်နှာချင်းဆိုင်နေရာက လူရောက်လာသည်။
"ဟင်...အကို"
မျက်နှာချင်းဆိုင်ထိုင်ခုံကလူက သူမြတ်နိုးရတဲ့ကောင်လေး Ni-ki
Ni-ki လည်းရင်းနှီးနေတဲ့အသံလေးကြားတော့ အလျင်အမြန်ကြည့်လိုက်သည်။ ဘာလို့မှန်းမသိဘဲ သူတို့နှစ်ယောက်အကြာကြီး တစ်ယောက်ကိုတစ်ယောက်အကြာကြီး အံ့ဩသည့်အကြည့်များနှင့်ကြည့်နေကြတယ်။
"ငယ်...? ငယ်မလား"
"အွန်း"
နှစ်ယောက်သား တန်းဖက်ပစ်လိုက်ချင်ပေမဲ့ အလယ်ကခုံတွေကြောင့် မသက်သာခဲ့။ 'ငယ်' ကတော့ရုတ်တရက် ဟိုဘက်ကနေတစ်ကွေ့တစ်ပတ်ကြီးပတ်ပြေးလာပြီး ခုန်ဖက်လိုက်တယ်။
Ni-ki လည်း အဆုံးအစွန်ထိပြုံးရယ်ပြီး သူတို့နောက်ဆုံးတွေ့ခဲ့ရတဲ့နေ့ကလို ရင်ခွင်ထဲထည့်ပြီးခေါင်းလေးကိုပွတ်ပေးနေသည်။
"အာရီဂူး လာမဲ့နေ့တောင်မပြောသွားဖူးဘဲ ဒီကလေးမလေး"
"အကိုကလည်း ငယ်လည်းလွမ်းနေတာပေါ့🥺"
"အကိုကပိုလွမ်းတာပေါ့ ပါပီလေး"
ပတ်ဝန်းကျင်ကိုတောင် သတိမမူမိဘဲသူတို့နှစ်ယောက် တီတီတာတာပြောနေခဲ့သည်။
"အကိုအောက်ထပ်မှာ ကော်ဖီလိုက်တိုက်မယ်လေ"
"တော်ပြီ ငယ်လုပ်စရာတွေရှိသေးတယ် ‌ပိတ်ရက်ကျအကိုကိုယ်တိုင်ဖျော်‌ပေး"
"အရင်ကလိုချွဲနေတုံးဘဲ ခွေးပေါက်စလေး"
"ဟိုတစ်နေ့ကအကို့အိမ်သွားကြည့်သေးတယ် အကိုကအိမ်ပြောင်းသွားတယ်ဆိုလို့..."
"6 နှစ်ကြီးတောင်ကြာခဲ့ပြီလေပေါက်စရဲ့"
"အွန်းနော် ငယ်ဘာလို့မတွေးခဲ့မိပါလိမ့်"
"ထားပါ ညနေကျအကို‌ပြောင်းထားတဲ့တိုက်ခန်းအသစ်လိုက်ပြမယ် တိုက်ခန်းအသစ်သာပြောတာ ပြောင်းထားတာ 3 နှစ်‌
တောင်ရှိနေပြီ company နှင့်နီးတဲ့တိုက်ခန်းတစ်ခုငှားထားတာလေ"
"အဲ့ဆိုညနေကျတူတူပြန်ကြမယ်လေ"
"ပြန်မှာပေါ့"
စကားဝိုင်းကတော့ဒီမျှသာ။ တစ်နေကုန်နှစ်ယောက်လုံးမအားမလပ်တဲ့ကြားက ခိုးခိုးကြည့်နေရင်းမိသွားရင်လည်း တစ်ယောက်ကိုတစ်ယောက်ရယ်နေကြပြန်။ ဘာလို့မှန်းမသိပေမဲ့ လွန်ခဲ့တဲ့ 6 နှစ်ကအဆုံးသတ်ပြီထင်ခဲ့တဲ့ အချစ်ပုံပြင်လေးကအဲ့နေ့ကစပြီး ပြန်လည်အသက်ဝင်သွားခဲ့မယ်လို့ခံစားနေရတယ်။

•Thanks for 47 reads & 6 votes 🕊️•
•မကောင်းမကန်းလေးကို ဖတ်ပေးကြတဲ့အချစ်လေးတွေကို အားလည်းနာပါတယ်ယို့🥺
ဒီတစ်ပုဒ်ကိုမြန်မြန်အပြတ်ဖြတ်ပြီး နောက်တစ်ပုဒ်ကျအများကြီးပိုကောင်းအောင်ရေးပေးမယ်လို့ ကတိပေးပါတယ်ညော်💗•

11.5.2022.[7:44 pm]

𝐌𝐞𝐞𝐭 𝐚𝐠𝐚𝐢𝐧 [Completed]Where stories live. Discover now