Meet again [ end ]

397 32 3
                                    

ညနေကျ သူတို့နှစ်ယောက် Ni-ki တိုက်ခန်းလေးကို တူတူပြန်လာခဲ့ကြတယ်။
"ငယ် ခဏထိုင်အုံးအကိုငယ်ကြိုက်တဲ့ ကော်ဖီသွားဖျော်ပေးမယ် ဟုတ်ပြီလား"
"ဟီး အကြာကြီးနေမှသောက်ရတာဘဲ"
Ni-ki မီးဖိုခန်းလေးထဲဝင်သွားတော့ 'ငယ်' မျက်လုံးလေးဝှေ့ကြည့်မိသည်။ ရုတ်တရက်ထသွားထလာဝတ်ဖို့ တံခါးရှေ့ကအဝတ်ချိတ်တဲ့စင်လေးမှာ 'ငယ်' ပေးထားတဲ့လည်စည်းလေးကိုချိတ်ထားတာတွေ့လိုက်သည်။ 'ငယ့်' ရင်ထဲတစ်ခုခုကြည်နူးသွားပြီး စိတ်ထဲလည်းအခွင့်အရေးရှိနိုင်ပါသေးတယ်ဆိုတဲ့ အတွေးကဝင်လာလေသည်။
ခဏကြာတော့ အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီခွက်နှင့်အတူပြန်လာတဲ့ Ni-ki
ကော်ဖီခွက်ကို လှမ်းပေးလိုက်ရင်း
"မျက်မှန်ချွတ်သောက် ခစ်ခစ်"
"အိုး ဟုတ်သားဘဲမေ့သွားတာ"
'ငယ်' ကော်ဖီခွက်တစ်ငုံသောက်ပြီး ခွက်ကိုစားပွဲပေါ်ခဏချလိုက်ကာ
"ဟင် ငယ်ဘာလို့လည်း ပူလို့လား ရေများသွားတာလား ပေါ့နေလို့လားဟင်"
"ဟာ အကိုကလည်း မဟုတ်ပါဖူးသောက်လို့ကောင်းပါတယ်"
"တော်သေးတာပေါ့ သောက်လို့မကောင်းတာများလားလို့"
"အကို..."
"အွန်း ပြောလေငယ်"
"လွန်ခဲ့တဲ့ 6 နှစ်ကငယ်ပြောတဲ့စကားကို အကိုစဉ်းစားပြီးပြီလားဟင်"
'ငယ်' စကားကိုသတိကြီးကြီးထားပြီးမေးလိုက်သည်။
"အာ...အဲ့တာက ဟို"
Ni-ki တစ်ယောက်အထစ်ထစ်အငေါ့ငေါ့နှင့် ဘာပြောလို့ပြောရမှန်းမသိတော့ချေ။
"အကိုကောင်မလေးရသွားလို့လား..."
'ငယ်' ငိုမဲ့မဲ့ရုပ်ကလေးနှင့် မေးလိုက်တော့
"ဘယ်ကသာ ငယ်ရယ် ပြောရမယ်ဆိုအဲ့နေ့က အကိုသတ္တိမရှိခဲ့ဖူးသိလားငယ် အကိုအဲ့နေ့ညကတစ်ညလုံးထိုင်စဉ်းစားနေခဲ့တာ ငါကောင်မလေးတစ်ယောက်လောက်တောင် သတ္တိမရှိတာပါလားဆိုပြီး...ဒါပေမဲ့ အကိုသတ္တိမရှိခဲ့တာ ငယ့်ပညာရေးကိုထိခိုက်မှာဆိုးလို့ ငယ်အကို့ကြောင့်နောက်ဆံတင်းနေခဲ့မှာဆိုးလို့ ငယ့်စိတ်ထဲဘယ်လိုရှိမှန်းတော့မသိပေမဲ့ အကိုအဲ့နေ့ကအဲ့ခံစားချက်တွေကို မြိုသိပ်ပြီးငယ့်ပညာရေးကိုဦးစားပေးခဲ့တယ် အဲ့တာဘာလို့လည်းသိလား"
"ဟင်ဘာလို့လည်း"
"အကိုငယ့်ကို ယုံကြည်လို့...ငယ်အကို့ပေါ်ထားတဲ့ သဘောကျမှုတွေကြောင့်ပေါ့ငယ်ရဲ့ အကိုငယ့်ကိုယုံခဲ့ပြီးဒီနေ့ဒီလိုတွေဖြစ်လာမယ်ဆိုတာ ကြိုသိခဲ့လို့"
"အဲ့ဆို အကိုငယ့်ကိုချစ်လားဟင်...?"
"သေချာပေါက်အများကြီးချစ်တာပေါ့ ငယ်ထင်ထားတာထပ် အကိုကငယ့်ကိုပိုချစ်တယ်"
ပြောပြောဆိုဆို 'ငယ့်' ညာဖက်ပါးလေးကို ‌ဖြည်းဖြည်းလေးနမ်းလိုက်သည်။ 'ငယ်' ပါးလေးတွေနီလာပြီး
"အရူးကြီး တစ်ခြားနေရာနမ်းမယ်ထင်လို့ကိုဟွန်း"
"ဟင် ဘယ်နေရာနမ်းစေချင်လို့တုံး ㅋㅋㅋ"
"ရား တော်ပြီအလိုက်မသိတဲ့လူကြီး ငယ်သာအကို့ကိုမယူရင် ယူမဲ့သူရှိမှာမဟုတ်တော့ဖူး ဒီလိုတွေတုံးအ နေလို့"
Ni-ki မျက်လုံးထဲမှာတော့နှုတ်ခမ်းလေးဆူကာ ပါးစပ်ကစကား‌တွေတရစပ်ပြောနေတဲ့ ကလေးမလေးကတကယ်အူယားစရာကောင်းလွန်းတယ်။
*ပြွတ်စ်*
Ni-ki တစ်ယောက် 'ငယ့်' နှုတ်ခမ်းလေးကို ရုတ်တရက်နမ်းလိုက်ပြီး အခန်းထဲဝင်ပြေးသွားတော့သည်။ ကျန်ခဲ့တဲ့ကောင်မလေးမှာတော့ မြန်လွန်းလို့ကြောင်သွားကာ ဘာဖြစ်သွားမှန်းတောင်မသိလိုက်ချေ။
"ရား အဲ့လိုရှက်ပြီးပြေးသွားလို့ဘယ်ရမလည်း ပြန်လာခဲ့ဟင့်"
'ငယ်' လည်းအခန်းထဲဝင်ပြေးသွားတဲ့ Ni-ki နောက်ပြေးလိုက်သည်။ Ni-ki ကတော့အိပ်ယာထဲမှာ တစ်ကိုယ်လုံးစောင်ခြုံထားပြီး လက်လေးတစ်ချောင်းတောင်အပြင်မထုတ်ဘဲ ရှက်နေသည်။ 'ငယ်' လည်း စောင်ပုံပေါ်ပစ်လှဲပြီး သူ့ကောင်လေးကိုတီတီတာတာတွေပြောပြီး စနောက်နေသည်။
"ခစ်ခစ်ခစ် မျက်နှာလေးပြပါအုံးအကိုကလည်း မျက်နှာလေးပြပါဆို ဘယ်လောက်ရှက်နေတာလည်းသိချင်လို့ကို"
"မပြဖူး သွား"
"ကြည့်မှာဘဲ ကြည့်မှာဘဲပြပါဆို အဟီးတွေ့ပြီတွေ့ပြီ"
"ရား မလုပ်ပါနှင့်ဆိုအကြီးကို မကြောက်မလန့်ဘာလို့လာစနေတာလည်း မိုးကြိုးပစ်ခံထိမှာနော်အရူးမကြီး"
စောင်ပုံထဲမှာ ရှက်ရမ်းရမ်းပြီးပြောချင်သာပြောနေတဲ့ အကိုပေါက်စလေးကိုစနောက်ရင်း ပျော်နေတဲ့ကလေးမလေးကတော့ ဒီအချိန်ကသူ့ဘဝမှာအကောင်းဆုံးအချိန်ဖြစ်မယ်ထင်ပါရဲ့။ ပုံပြင်အစမှာပြောခဲ့သလို ဒီကောင်မလေးနှင့်တွဲလာတာ အခုဆိုနှစ်ဝက်နီးပါးရှိနေပြီ။ တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေပိုရှိပြီး တစ်ယောက်နှလုံးသားထဲမှာရော ဘဝထဲမှာပါနောက်တစ်ယောက်ကအမြဲပါဝင်နေပြီး နောက်ဆုံးအထိပျော်ရွှင်မှုတွေက အဆုံးမသတ်ခဲ့ပေ...။

12.5.2022.[6:34 pm]

•အခုဆိုရင် Meet again ဆိုတဲ့ fic လေးပြီးသွားပါပြီ။ part-1 ကနေ end ထိအမှားတွေအများကြီးပါခဲ့မှာ သေချာပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်ဖတ်ပေးတဲ့အချစ်ကလေးတွေကို တကယ်ကျေးဇူးတင်ပါတယ်နော် 🥺🍓•

𝐌𝐞𝐞𝐭 𝐚𝐠𝐚𝐢𝐧 [Completed]Место, где живут истории. Откройте их для себя