📲📲📲
ဟယ်လ်ို မာမီ
📱သားလေး ရောင်စဥ် သားမာန်တို့အိမ်ကိုရောက်နေပီလား သား
📱ရောက်ပီ မာမီ
📱အေး သားလေး သားမာန်စကားကိုနားထောင်နော် ဒီနှစ်ဆယ်တန်းကိုလဲ အောင်အောင်ဖြေရမယ်နော်
📱မာမီ သား ပြန်လာလို့မရဘူးလား ဟင် သားအိမ်ကနေပဲ ပြန်ဖြေမယ်လေ ဒီက လူကိုသားမှမသိတာ ဗျာ မနေချင်ဘူး ဒီမှာ ပီးတော့ သားမာမီကိုမခွဲနိုင်ဘူး
📱သားကလဲ သားမာန်နဲ့သင်တဲ့ကလေးတိုင်းကဂုဏ်
ထူးသမားတွေချည်းပဲ သားက မာမီနဲ့မခွဲချင်ရင်ဘာလို့ ဆယ်တန်းကို ကျအောင်ဖြေတာလဲ သားရဲ့ ပီးတော့ သားမာန်က သဘောကောင်းပါတယ် သားရယ်📱ဟာ..... မသိဘူးဗျာ သားပြန်လာတော့မယ် အိမ်ကို
📱ဟေ့ကောင် လင်းရောင်စဥ် မင်းငါ့အိမ်ကိုဆယ်တန်းမအောင်ဘဲ ပြန်လာရဲ ပြန်လာကြည့် မင်းကိုအမွေဖြတ်စွန့်လွတ်ပစ်မယ် ကွ ငါမလုပ်ရဲဘူးထင်နေလား
📱ဟာဗျာ ဒယ်ဒီကလဲ ဒီသားလေးတစ်ယောက်ထဲရှိတာကို ရက်စက်တော့မို့လား
📱ဟေ့ကောင် အပိုတွေမပြောနဲ့ အခုချက်ချင်းအိမ်ထဲဝင်တော့ မင်းလာမယ့်အကြောင်းငါဖုန်းဆက်ထားပီးပီ..ဒါပဲ
ဟွန့် ဒယ်ဒီတို့ကလဲ ဆယ်တန်းလေးမအောင်တာကိုဘဝကြီးလုပ်နေတယ်
လင်းရောင်စဥ် တစ်ယောက်ပါးစပ်ကပွစိပွစိပြောရင်း မျက်စိရှေ့က နှစ်ထပ်တိုက်အိမ်အဖြူရောင်တိုက်လေးကို ကြည့်ရင်း ဝင်ဖို့ကိုစဥ်းစားနေလေရဲ့
ဟူး.....Fighting လင်းရောင်စဥ် ရေ ဒီတစ်နှစ်ပဲ သည်းခံ ရမှာ
ကိုယ့်ဘာသာအားပေးစကားပြောရင်း ခြံရှေ့က ဘဲလ် ခလုတ်လေးကိုနှိပ်လိုက်တော့ ....
🔉🔉🔉
အိုးမိုင်ဂေါ့ ......
ဒါလူလား နတ်ဘုရားလား ချောမောခန့်ငြားလိုက်တာ ငါစာသင်ရမှာ ဒီလို ဘဲကြီးနဲ့လား ဟ
အိမ်အဝင်ဝကနေ ထွက်လာတဲ့ လူကြီးဟာ အရပ်မြင့်မြင့်ရုပ်ကချောချော အသားကဖြူဖြူ
body ကလဲ တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ လည်ကတုံးအပြာနုလေးနဲ့ ယောပုဆိုးလေးနဲ့ ကျက်သရေ ရှိလိုက်တာ
... Oh တစ်သက်နဲ့တစ်ကိုယ် ဒီလို ယောကျ်ားပီသတာမျိုးမတွေ့ဖူးဘူး
ဒီလိုဘဲကြီးနဲ့စာသင်ရမယ်ဆိုတော့လဲ မဆိုးပါဘူးလေ...