အပိုင်း၃

2.4K 95 25
                                    

ဘာလိုလိုနဲ့ကိုကြီးဆီရောက်နေတာ ကျောင်းတောင်တက်ရတော့မယ် တစ်လဆိုတဲ့အတောအတွင်း ကိုကြီးနဲ့တော်တော်ရင်းနှီးနေပီလေ ကိုကြီးရဲ့စည်းကမ်းတွေနဲ့အသားတော့သိပ်မကျသေးပေမဲ့လိုက်နာနိုင်ဖို့တော့ကြိုးစားနေတယ်

📲📲📲

ပြော.....ဧကရီ

📱...မောင်ဧကရီဆီဖုန်းမဆက်တာကြာပီနော် ဘာတွေလုပ်နေတာလဲမအားလို့လား ဧကရီကမောင့်ကိုလွှမ်းနေတာ

ဒေါက်....ဒေါက်...

ကောင်လေးကိုထမင်းစားဖို့ခေါ်မလို့သူ့အခန်းဆီသွားတော့ တံခါးကိုခေါက်လိုက်တော့ အထဲကအသံမပေးတာကြောင့် တံခါးဖွင့်ပီးဝင်ဖို့လုပ်လိုက်တော့
အထဲကနေ ဂျက်ချထားတာကြောင့်လူက မသင်ကာတော့ အထဲမှာမဟုတ်တာတွေလုပ်နေတာများလား

📱မောင်လဲလွှမ်းပါတယ်ကွာ မောင်အလုပ်တွေရှုပ်နေလို့ဒါပဲနော်..

ဟုတ်....ကိုကြီးလာပီနော်.... ခနလေး

ဧကရီနဲ့ဖုန်းပြောနေတုန်းကိုကြီးတံခါးလာခေါက်တာမို့လူကလန့်သွားရကာ ဖုန်းကိုချပီးတံခါးသွားဖွင့်တော့ ကိုကြီးက မျက်မှောင်ကြုံကြည့်ကာ

တံခါးကိုဂျက်ချထားပီးတော့အထဲမှာဘာတွေလုပ်နေတာလဲ

ဘာမှမလုပ်ပါဘူး Fb ကြည့်နေတာ တံခါးဂျက်ချထားတာက သားက အိမ်မှာဆိုလဲတံခါးကဂျက်ချထားနေကျဆိုတော့ အကျင့်ဖြစ်နေလို့ပါ...

ထားတော့ ကိုယ်ထမင်းစားဖို့လာခေါ်တာ

ဟုတ် ကိုကြီး

ကိုကြီးအရင်ဆင်းသွားမှ

ဟူး....တော်ပါသေးရဲ့ ငါလိမ်တာမသိသွားလို့

ထမင်းစားဝိုင်းရောက်တော့မြင်နေရတဲ့ဟင်းတွေကြောင့်ရောင်စဥ်တစ်ယောက်စိတ်ညစ်သွားရတယ်အကြောင်းကတော့
ဟင်းတွေက အသီးအရွက်တွေချည်းပဲမို့လို့ပါ
ကိုကြီးကဟင်းချိုခပ်နေရာကနေ
ရောင်စဥ်ရဲ့စူပုတ်နေတဲ့မျက်နှာကိုမြင်လိုက်တော့

မျက်နှာကဘာဖြစ်နေတာလဲ ကောင်လေး

ဘာမှမဖြစ်ပါဘူး ကိုကြီး ခြေထောက်လေ ခြေထောက်က ထိုင်နေတာကြာသွားလို့ထင်တယ် ကျဥ်နေလို့...အဲ့တာကြောင့်

မြတ်နိုးမိသောWhere stories live. Discover now