အပိုင်း၅

3.1K 117 21
                                    

ကိုကြီးသား ညောင်းနေပီ

ဘာသံမှမကြားချင်ဘူးလို့ပြောထားတယ်လေ ရောင်စဥ်

ဒီတစ်ခါပဲခွင့်လွတ်ပေးပါ...နောက်ကိုကြီးစကားနားထောင်ပါ့မယ်

မရဘူး.... မင်းကိုငါဆိုင်ကယ်မစီးဖို့​သေချာ
​ပြောထားတယ်မလား

​ပြောထားပါတယ်...ဒါပေမဲ့..

ကိုယ့်ဘက်ကသူ့ကိုစိုက်​ကြည့်ပေးလိုက်မှ ဘာမှမပြောတော့ဘဲ တိတ်သွားတယ်

လေးဆယ့်ငါးမိနစ်ပြည့်တဲ့ထိ အဲ့ဒီပုံစံအတိုင်းနေ ပုံစံပျက်ရင်အချိန်ထပ်တိုးမယ်နော် ထပ်ပီးတော့ ဆက်ပြောနေဦးမယ်ဆိုရင် ဆိုင်ကယ်စီးရင်ထွက်တဲ့အသံလိုပါးစပ်ကအော်ရမယ်ဆိုတာမှတ်ထား

ကြားလား....

ဟုတ်....ကိုကြီး

ဝူးဝူးဝွန်းဝွန်းနဲ့ ဆိုင်ကယ်စီးရင်ထွက်တဲ့အသံကြီးတော့မအော်ချင်ပါဘူး အဲ့လိုအော်နေတာသူများတွေကြားရင် ကျွန်တော်ကိုရူးနေတယ်ထင်မှာပေါ့ ညောင်းလဲညောင်းပါစေ အော်တော့မအော်ချင်ပါဘူး ကို​ကြီးရှေ့မှာရှက်စရာကြီး....

အခုအနေအထားဟာဆိုရင်တော့ အိမ်ရှေ့ဧည့်ခန်းကဆိုဖာပေါ်မှာ ကိုကြီးက သတင်းစာတစ်စောင်ထိုငိဖတ်နေပီးကျွန်တော်ကတော့ ဆိုင်ကယ်မောင်းတဲ့ပုံစံ အနေအထားအတိုင်း
အပြစ်ပေးခံနေရတာဖြစ်တယ်

ကိုကြီးက ကျွန်​တော်ကို ဆိုင်ကယ်မစီးဖို့သေချာသတိပေးထားတယ်ဟိုတစ်​ခေါက်ကိုကြီးဆိုင်ကယ်ကိုယူစီးတုန်းက ကျွန်တော့်ဆိုင်ကယ်နဲ့ တစ်ဖက်ကကားနဲ့တိုက်မိပီး ဆိုင်ကယ်မှောက်သွားပီးဒဏ်ရာရခဲ့တာမို့လို့ကိုကြီးက မစီးခိုင်းတော့တာ
ဒါပေမဲ့ ကျွန်တော်က စီးချင်တာကိုး အဲ့တာကြောင့်ကိုကြီးအပြင်ကိုအလုပ်ကိစွနဲ့သွားတုန်းကျွန်​တော်လဲအိမ်မှာပျင်းတာနဲ့ ကိုကြီးဆိုင်ကယ်လေးနဲ့ အပြင်ထွက်ပီးစတိုင်ထုတ်ပီးဓာတ်ဖမ်းချင်လို့လေကိုကြီးမရှိတုန်း ကိုကြီးက မနက်၈ နာရီထဲက သွားတာ ညနေမှပြန်ရောက်မှာဆိုတော့အေးဆေးပဲ...အဲ့ဒီတော့ရောင်စဥ်တစ်ယောက်လက်ဖျောက်တစ်ချက်တီးကာ
ဆိုင်ကယ်ဘီးလေးအသာလိမ့်ပီး ခြံပြင်ကိုထုတ်ပီးတော့ အိမ်တံခါးတွေအကုန်ပိတ်ပီး ခြံတံခါးကိုပါသော့ခတ်ကာ စတိုင်ကျကျနဲ့ ဆိုင်ကယ်ပေါ်လွားခနဲတက်ကာ ဝူးကနဲမောင်းထွက်သွားလေရဲ့....

You've reached the end of published parts.

⏰ Last updated: Jun 20, 2022 ⏰

Add this story to your Library to get notified about new parts!

မြတ်နိုးမိသောWhere stories live. Discover now