ကျောင်းဘောလုံးကွင်းကအရမ်းကြီးမကျယ်ပေမဲ့လဲ ရောင်စဥ်တစ်ယောက်ပြေးနေရင်းနဲ့ဒူးတွေတောင်အတော်ချောင်လာလေပီ ကျောင်းစတက်တဲ့ပထမရက်မှာပဲကိုကြီးကသူ့ကိုကြိမ်လုံးနဲ့ကျောင်းသားအားလုံးအရှေ့မှာမိတ်ဆက်ပေးလေသည်
ခြေသလုံးက ဖောင်းကြွနေတဲ့အရှိုးရာတွေက ပုဆိုးနဲ့ပွတ််တိုက်ပါများတော့ နာလွန်းတာမို့ မျက်ရည်တွေဝဲလာရကာပြေးရင်းနဲ့နောက်ဆုံးတော့သုံးပတ်ပြည့်သွားလေပီညနေဘက်အိမ်ပြန်ချိန်လေးမှာတော့ မနက်ကျောင်းသွားတုန်းကလိုမသာယာနိုင်တော့ ဆိုင်ကယ်နောက်ခုံကနေ
ငြိမ်ပီးထိုင်လိုက်လာတဲ့ရောင်စဥ်တစ်ယောက်မာန်ဝင့်ထည်ခါးကိုလဲမဖက်နိုင်တော့ သူ့အတွေးထဲမှာအိမ်ရောက်ရင် တံခါးပိတ်ပီးအိပ်မယ်ပီးရင်အဝငိုမယ်လို့တွေးထားလေတယ်
အိမ်ရောက်တော့ ဆိုင်ကယ်ပေါ်ကနေဆင်းကာ
သူ့အခန်းထဲကိုခပ်မြန်မြန်လျှောက်ကာတံခါးဂျက်ချထားပီးတော့ခေါင်းအုံးထက်မျက်နှာအပ်ကာ ငိုလေတော့သည်ဆိုင်ကယ်နောက်ကနေ ငြိမ်သက်ပီးလိုက်လာတဲ့ကောင်လေးက ကျောင်းမှာအရိုက်ခံရလို့ ရုက်နေမယ်ဆိုတာမာန်ဝင့်ထည်သိပေမဲ့ ဒီကောင်လေးလုပ်ရပ်ကရိုက်ကိုရိုက်မှရမယ် တစ်ချက်ရိုက်တိုင်းညွတ်ကျသွားတဲ့ခြေထောက်ကြောင့် လေသံမာမာနဲ့သတိပေးလိုက်မှ အံကိုကြိတ်ကာ အချက်နှစ်ဆယ်ကိုအဆုံးထိခံယူသွားတယ် ဒီကောင်လေးကိုစိတ်ဆိုးနေသေးတာမို့ ကျောင်းဘောလုံးကွင်းကိုပါသုံးပတ်ပတ်ပြေးခိုင်းလိုက်တာမို့သူအတော်နာပီးညောင်းနေမှာကိုယ်သိတယ် အခုလဲဲကြည့် အိမ်ရောက်တာနဲ့သူ့အခန်းထဲကိုဝင်သွားကာ ကိုယ်ဆိုင်ကယ်သိမ်းပီးအခန်းထဲဝင်အဝတ်အစားလဲပီးတာတောင် ဒီကောင်လေးက အရိပ်တောင်မမြင်ရပေ ထမင်းဝိုင်းပြင်ပီးမှသွားခေါ်လိုက်မယ်လို့တွေးထားရင်းကောင်လေးတံခါးကိုခေါက်လိုက်တော့....
ထမင်းစားမယ် ထွက်လာခဲ့
ပြောနေတာကြားလား
တကယ်ကိုဒီကောင်လေးက ကိုယ့်သည်းခံနိုင်စွမ်းကိုလာစမ်းနေတာပဲ ကိုယ်ဒီလောက်အပြင်ကနေပြောနေတာတောင်အထဲက အသံတစ်ချက်မပေးပေ