အပိုင်း၂

2.3K 86 17
                                    

မနက်ခင်း၆နာရီအတိမှာ တတီတီမြည်နေတဲ့ ကုတင်ဘေးစာရေးစားပွဲခုံပေါ်က ကြယ်ပုံစံနာရီလေးဆီကနေ ကြားနေရတဲ့နှိုးစက်သံကြောင့် ရောင်စဥ်တစ်ယောက်မျက်စိမဖွင်ဘဲ စောင်ပုံကြားထဲက လက်တစ်ထုတ်ကာ နာရီကိုတွေ့ရာကောက်ပစ်လိုက်ကာ ဆက်အိပ်နေတော့တယ်

ဒီနေ့လဲ မနက်၇ နာရီထိုးနေလေပီ အပေါ်ထပ်ကနေရောင်စဥ်ဆင်းမလားဆိုပီးစောင့်နေရာကနေ ဆင်းမလာတာနဲ့ပဲ ကြက်မွေးယူကာ
ကိုယ်ပဲ အပေါ်လိုက်သွားရင်း ကြည့်လိုက်တော့ ဆက်အိပ်နေတုန်းပဲ သူမနှိုးမှာစိုးလို့ နှိုးစက်ပေးထားတာတောင်ဒီကောင်လေးကမထဘဲဆက်အိပ်နေသေးတယ်လေ နှိုးစက်လေးဟာလဲနှစ်ခြမ်းဖြစ်လို့နေတယ် စည်းကမ်းမရှိဘဲပစွည်းတွေဖျက်ဆီးတတ်ပီးတန်ဖိုးမထားတတ်တာကိုသူမကြိုက်ပါ ..အခန်းထဲမှာလဲ အကျီတွေကဟိုတွဲလောင်းဒီတွဲလောင်း ရှူပ်ပွနေတာပဲ....တကယ်ကိုစည်းကမ်းမရှိဘဲဖြစ်သလိုနေနေတာပဲ ရုပ်ချောချောလေးမို့ သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းနေတတ်မယ်လို့ထင်ထားတာ အထင်နဲ့အမြင်နဲ့တခြားစီပါပဲလား....

ဒီကောင်လေးကိုမနေ့ကလဲသတိပေးပီးပီ ကျောင်းတက်ဖို့တစ်လပဲလိုတော့တာကို သူကဘာမှမပြင်ဆင်ရသေးပုံပဲ မနေ့က တစ်ကြိမ်ခွင့်လွတ်ပေးလိုက်တာကိုဒီနေ့လဲမနေ့ကအတိုင်းကျော်သွားပေးမယ်ထင်နေတဲ့ပုံပဲ စောင်ပုံကြားထဲက ထွက်နေတဲ့ခြေသလုံးဖြူဖြူလေးကို အားနဲ့တစ်ချက်ချလိုက်ရင်း

ဝှစ်..........

အား........နာတယ်

ကိုကြီးဘာလို့.....

အိပ်ကောင်းကောင်းနဲ့အိပ်နေရာကနေ ခြေသလုံးကိုမီးစ နဲ့ထိုးသလို ပူကနဲ ဖြစ်သွားတာမို့ မျက်လုံးဖွင့်ပီးထကြည့်လိုက်တော့ ကိုကြီးက ကြက်မွေးကိုလက်က ကိုင်ထားကာ ကျွန်တော့်ကိုရပ်ကြည့်နေတာမို့ ခြေသလုံးကိုပွတ်ရင်းကြောင်နေမိတယ် မျက်ရည်အဝဲသားနဲ့ နာတာမှနင့်ခနဲပဲ

ငါရှေ့ မတ်တပ်လာရပ်

ဝှစ်........ အ

လူကြီးတစ်ယောက်ရှေ့မတ်တပ်ရပ်ရင် လက်ပါပိုက်ထားရမယ်ဆိုတာမင်းမသိဘူးလား ဟမ်

မြတ်နိုးမိသောWhere stories live. Discover now