ep-13 uni

1.1K 74 0
                                    

ခေတ်သစ်မှရောက်လာသော ကြင်ယာတော်ဝမ်

အပိုင်း(13)

တစ်နေရာရောက်တော့

"ဘုန်း...အင့်.."
"ဝမ်လေး ဘာဖြစ်သွားသေးလဲ"

ရှောင်းကဝမ်မုန့်ယူထားတဲ့ဆိုင်တွေမှာ ပိုက်ဆံလိုက်ရှင်းပေးနေတုန်း ဝမ့်ရဲအသံကိူကြားလိုက်ရတာကြောင့်မြန်မြန်ပြေးလာခဲ့သည်။

"အရှင် ဝမ်လေးဘာမှမဖြစ်ပါဘူး"

"ဟို ဒီကတစ်ယောက်ဘာဖြစ်သွားသေးလဲ"

"ရပါတယ်ဘာမှမဖြစ်ပါဘူးသခင်လေး တောင်းပန်ပါတယ်ခင်ဗျ"

ထိုစဉ်အနောက်ကနေအသံတစ်သံက
"ဟေ့ကောင်လေး ပြန်လာခဲ့စမ်း မင်းမိဘတွေကမင်းကိုမလိုချင်တော့လို့ မင်းကိုရောင်းစားခဲ့တာနော် အဲ့ဒီအတွက်မင်းရဲ့မိဘတွေကိုပဲအပြစ်တင်လိုက် အခုတော့ငါတို့နဲ့လိုက်ခဲ့"

"ဟေ့ရပ်လိုက်" ဝမ်ကဝင်ပြောလိုက်သည်။

"မင်းတို့ကငါ့ကိုတိုက်သွားပြီးတော့ ဒီအတိုင်းဆက်သွားချင်နေတာလား" သူရဲကောင်းကြီးဝမ်ရိပေါ်က ဆက်၍ပြောသည်။

"မင်းတို့ကငါဘယ်သူလဲဆိုတာ မသိကြဘူးလား"

"မသိဘူးလေ" အဲ့အဖွဲ့ထဲမှာရှိနေတဲ့လူတစ်ယောက်က ပြောလိုက်သည်။

"အေး. မသိရင်မှတ်ထား.. ငါကတစ်မိုးအောက်အချေကိုယ်တော်ကြီး.. ဝမ်.ရိ.ပေါ်ကွ..ဟားဟား... "

"အ.အ.အ"ထိုအချိန်တွင် ကျီးကန်းသုံးကောင်ကသူတို့ရဲ့ ခေါင်းပေါ်တွင်ဖြတ်သန်းသွားခဲ့ကြသည်။

ဗိုက်ကလဲစူတူတူလေး၊ နှုတ်ခမ်းကလည်းတစ်တောင်လောက်ထိ ထော်ထားသောဝမ်ရိပေါ်က ထိုအချင်းအရာကို သတိထားမိခြင်းမရှိပေ။ ရုတ်တရက်ကြီး ရိပေါ်တစ်ယောက်ဗိုက်နာလာခဲ့သည်။

"အား..ဗိုက်နာတယ်..မားရေ..အီးဟီး.. ဗိုက်နာတယ်လို့.သားမွေးတော့မယ်ထင်တယ်...အီးဟီး..ခဗျားမြန်မြန်လုပ်လေ.. လမ်းပေါ်မှာပဲ ကျုပ်ကိုကလေးမွေးစေချင်လို့လား..အီးဟီး"

ထိုအချိန်မှာ ရှောင်းကရွှတ်ခနဲဝမ့်ကိုသယ်၍ တစ်ချိုးတည်းပြေးသွားခဲ့သည်။ မပြေးခင်မှာ အားဟွမ်(အခုနကကလေး)ကိုလည်း ဂုတ်ကနေမ၍စူပါမန်းလို တစ်ချိုးတည်းပြေးသွားခဲ့သည်။

နန်းတော်ရောက်တော့....

"မြန်မြန်.. တော်ဝင်သမားတော်ကြီးကိုသွားခေါ်ခဲ့ကြ.. မြန်မြန်သွား"
ရှောင်းလည်းသက်ပျင်းရှူ၍ဆက်ပြောလိုက်သည်။

"ဟိုကောင်လေးကိုလည်း အဝတ်အစားလဲပေးလိုက်ကြ နောက်ကျရင်သူကဝမ်လေးရဲ့ အထိန်းတော်လက်ထောက်တစ်ယောက်
ဖြစ်လာလိမ့်မယ်"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး" အပျိုတော်မလေးတွေကလည်း အားဟွမ်ကိုခေါ်သွားလိုက်ကြသည်။

အထိန်းတော်ကြီးကလည်း တော်ဝင်သမားတော်ကိုသွားခေါ်နှင့်လေပြီ။ ခနနေတော့ တော်ဝင်သမားတော်ကြီးနှင့် လက်ထောက်သမားတော်ငယ်လေးများက အပြေးအလွှားရောက်ရှိလာကြသည်။

"ကြင်ယာတော်ဝမ်လေးက မီးဖွားပါတော့မယ် ကျေးဇူးပြုပြီး အပြင်ထွက်ပေးပါ အရှင်မင်းကြီး "

ရှောင်းလည်းမထွက်ချင်ထွက်ချင်နဲ့ ထွက်လာခဲ့ရသည်။ အရင်အရှင်မင်းကြီးနဲ့ မိဘုရားယွဲ့တို့လည်းရောက်နေကြသည်။ သူတို့ကဝမ်လေးရဲ့ဗိုက်လရင့်ကတည်းက ရောက်နေကြတာဖြစ်သည်။ သူတို့ကဝမ်လေးရဲ့ကလေးလေးကိုကြည့်ချင်သည်ဆိုပြီးပြန်လာခဲ့ကြတာဖြစ်သည်။

ထိုညတွင်ကြင်ယာတော်ဝမ်လေးရဲ့ ငိုကြွေးသံနဲ့အော်ဟစ်သံများကို အတိုင်းသားကြားနေကြရသည်။ အဆောင်တော်ရှေ့တွင်လည်း အိမ်ရှေ့စံတို့မိသားစုကလည်း အဆောင်ရှေ့တွင်ဟိုဘက်ဒီဘက်လျှောက်နေကြသည်။ ရှောင်းကပိုဆိုးသည်။ သူ့၏နှာဖူးမှာလည်းချွေးတွေအလုံးလိုက်ထွက်လို့။ ဘေးနားကလူတွေကလည်း ရှောင်းကိုကြည့်ပြီး ခေါင်းမူးနေကြသည်။

Tbc~~~~~

20.5.2022(fri)1:29pm

#အချစ်များစွာဖြင့်
#MyatNoe415
#2315words

မွေးတော့မွေးနေပါပြီ ရှေ့ဆက်ဘာတွေဖြစ်အုံးမလဲ ဆက်ပြီးစောင့်ဖတ်ပေးကြပါအုံးရှင့်

ခေတ်သစ်မှလာသော ကြင်ယာတော်ဝမ်{COMPLETED}Where stories live. Discover now