ep-25 uni

587 53 0
                                    

ခေတ်သစ်မှရောက်လာသော ကြင်ယာတော်ဝမ်

အပိုင်း(25)

ဒီနေ့မှာတော့ ရှောင်ရှင်းချန်တစ်ယောက် အစောကြီးနိုးနေခဲ့သည်။ သူကမနက်စာသုံးဆောင်ပြီးတဲ့နောက်မှာ ပျင်းနေတာကြောင့် လျောက်သွားကြည့်မယ်လို့ပြောပြီး အပျိုတော်အချို့နှင့်အတူ လမ်းလျှောက်ထွက်ခဲ့သည်။

"ကြင်ယာတော်ယဲ့"
သွားနေရင်းလူကြီးဆန်တဲ့ ခပ်ဩဩအသံကိုကြားလိုက်ရတာကြောင့် သူလည်းလှည့်ကြည့်မိလိုက်သည်။

"ဒုစစ်သူကြီးဝမ်"

"ကြင်ယာတော်ယဲ့က နိမ့်ကျတဲ့ကျွန်တော်မျိုးကိုမှတ်မိတာလား"

"အိုက်ယား ကိုယ့်ကိုကိုယ် အဲ့လိုမပြောပါနဲ့ "

"အမိန့်တော်အတိုင်းပါ"

"အင်း ကျွန်မသွားပြီနော်"

"ဟုတ်ကဲ့ပါ"

ရှောင်ရှင်းချန်လည်း သူ့ကိုမြင်ပြီးလမ်းလျှောက်ရတာသိပ်စိတ်မပါတော့။ ထို့ကြောင့်အဆောင်ကိုပဲပြန်လာခဲ့သည်။
ညနေကျရင်ဝမ်လေးနားသွားလည်အုံးမယ်လို့ တေးမှတ်ထားရင်းပေါ့။

__________

"ဒီနေ့အရှင် ညီလာခံကလွဲပြီး ဘာလုပ်စရာရှိသေးလဲဟင်"

"အဲ့လိုမျိုးတော့ မရှိသေးဘူး ဝမ်လေးက ဘယ်သွားချင်လို့လဲ"

"ကျွန်တော်အပြင်ထွက်ချင်လို့ ကလေးတွေကိုရောခေါ်သွားမယ်လေနော် "

"အမ် ကလေးတွေကငယ်သေးတယ်လေ"

"ဟူး အရှင်ကလည်း. သူတို့တွေလည်းအပြင်လောကကို မြင်ရမယ့်အရွယ်ရောက်ပြီလေ သူတို့လေးတွေကိုရောခေါ်သွားလို့ရပါတယ် အရှင်နဲ့ဝမ်လေးကတစ်ယောက်စီ ပွေ့ထားကြမယ်လေ"

"အင်းပါဗျာ ဒါဆိုအသင့်ပြင်ထား ကိုယ်တို့ညနေကျရင်သွားကြမယ်"

"ဟုတ် ဟီးဟီး ရွတ် မွမွ"

"ဟက် အလည်လေး"

"ဟီးဟီး"

______

ညနေရောက်တော့..
ဝမ်လေးကကလေးတွေကိုရော သူကိုယ်တိုင်ပါအသင့်ပြင်ထားခဲ့သည်။ (သူသွားချင်နေတဲ့ဟာကို😒😒)
တစ်ခနကြာတော့ ရှောင်းအရှင်လည်းရောက်လာခဲ့သည်။ သူတို့ထွက်မလို့ပြင်နေတုန်းမှာ အပြာရောင်ဂါဝန်ကြီးနဲ့ပြေးလာနေသော ကြင်ယာတော်ယဲ့လေးကို တွေ့လိုက်ရသည်။

ခေတ်သစ်မှလာသော ကြင်ယာတော်ဝမ်{COMPLETED}Where stories live. Discover now