ခေတ်သစ်မှရောက်လာသော ကြင်ယာတော်ဝမ်
အပိုင်း(27)
အများသူအမြင်မှာ အေးချမ်းလှတဲ့နန်းတော်ကြီးဟာ တကယ်တော့အဲ့လိုမဟုတ်ခဲ့ပါဘူး။ အင်အားချင်းယှဉ်ပြိုင်မှုတွေ၊ စည်းစိမ်ချင်းယှဉ်ပြိုင်မှုတွေဟာ ရေတွက်လို့မရနိုင်အောင်ထိ ဖြစ်နေခဲ့ရသည်။
ဒါပေမယ့်နန်းတော်ရဲ့တစ်နေရာဖြစ်တဲ့ လျန်ဟွားအဆောင်တော်မှာတော့ အစဉ်အမြဲအေးချမ်းသာယာနေခဲ့၏။ ယနေ့လည်းထို့အတူပင်။
"အရှင် ထတော့လေ အိပ်ပုတ်ကြီးရဲ့ အဟိ"
ဝမ်လေးတစ်ယောက် အိပ်ချင်ယောင်ဆောင်နေတဲ့မြေခွေးကြီးကို သွားစနှောက်နေခဲ့သည်။"အရှင်...အမေ့.."
ရှောင်းကအိပ်ချင်ယောင်ဆောင်နေရာက မျက်လုံးဖွင့်လိုက်ပြီးဝမ့်အပေါ်ကို အုပ်မိုးလိုက်သည်။
"ဘယ်လိုလဲ အိပ်နေတဲ့သူကို စရတာပျော်စရာကောင်းရဲ့လား "မနက်စောစောမှာ ရှောင်းရဲ့အသံဟာခပ်ဩဩဖြစ်နေသောကြောင့် နားထောင်နေတဲ့ဝမ်လေးဟာ နားရွက်လေးတွေဟာရဲရဲတောက်နီသွားခဲ့ပြီး ပါးမို့မို့လေးနှစ်ဖက်ဟာလည်း ရုတ်ချည်းပန်းရောင်မက်မွန်သီးလေးလို ဖြစ်လာတော့သည်။ (အား ရှောင်းရဲခန့်ညားနေမှုကြီး..🙈)
"အ.အရှင်.ဖယ်.ဖယ်တော့လေ. ကျွန်တော်မျိုးကလေးသွားကြည့်ရအုံးမယ်."
"အဟက်.ရှောင်ပြေးချင်နေတာလား အိပ်ပျော်နေတဲ့သားရဲကောင်ကြီးကို ဝမ်လေးပဲလာနိုးတာလေ ဝမ်လေးတာဝန်ယူပေးရမှာပေါ့.."
ရှောင်းအရှင်ကထိုကဲ့သို့ပြောပြီး ဝမ့်ရဲ့လည်တိုင်နုနုလေးကို နှုတ်ခမ်းနဲ့ပွတ်ဆွဲလိုက်ပြီး ဝမ့်ရဲ့လက်ဖြူဖြူအုအုလေးကိုယူ၍ သူ့ရဲ့ကိုယ်ပွားလေးပေါ်တင်ပေးလိုက်သည်။"အရှင့်. အရှက်ကိုမရှိဘူး.သွား ရေသွားချိုး.."
"အဟက် ကိုယ်မသွားချင်ဘူး ဝမ်လေးလာချိုးပေးလေ.."
"အရှင့်.ဝမ်လေးကလေးသွားကြည့်တော့မယ်နော်"
ခပ်ချွဲချွဲအသံ၊ပေကလပ်ပေကလပ်လုပ်နေသောမျက်လုံးများဖြင့်။
YOU ARE READING
ခေတ်သစ်မှလာသော ကြင်ယာတော်ဝမ်{COMPLETED}
Fanfictionဒါကေတာ့ zhanyiကိုမွ timetavel အမျိုးအစားလေးပါ ဝင်ဖတ်ပေးကြပါအုံး Start date -7.4.2022 End date -31.12.2023 Update ကတော့တစ်ပတ် တစ်ပိုင်း(or)နှစ်ပိုင်း လာချင်သလိုလာပါမယ်နော်😁😁