ep-34 uni

559 35 2
                                    

ခေတ်သစ်မှရောက်လာသော ကြင်ယာတော်ဝမ်

အပိုင်း(34)

ဝမ်လေးရဲ့မျက်တောင်များက တုန်လှုပ်နေခဲ့ပြီးမကြာခင်တွင် နိုးလာမည့်အရိပ်အယောင်ပြနေခဲ့သည်။

ရှောင်းအရှင်ကဝမ်လေးနိုးသွားမည်ကို ဆိုးသည့်အတွက်ကြောင့် တိုးတိုးတိတ်တိတ်ဖြင့်သမားတော်ကို ခေါ်ခိုင်းလိုက်သည်။
ဝမ်လေးသာသူ့အသံကြောင့်လန့်သွားခဲ့ရင် အရှင်မထားဟုလည်းတေးမှတ်ထားလေသည်။

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"
အထိန်းတော်ကတိုးလျသောခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့သည်။

____________________________________

တစ်ခနကြာတော့ အထိန်းတော်ကတော်ဝင်သမားတော်နှင့်အတူ အကူသမားတော်လေးများဖြင့် ရောက်ရှိလာခဲ့ပြီ။ လမ်း၌အဆောင်တော်ရောက်ရင် တတ်နိုင်သမျှတိုးလျသောလေသံ၊ အပြုအမူများကိုသာလုပ်ရမည်ဟုလည်း ပြောထားသေး၏။

သူတို့သမားတော်တစ်စုက ကြင်ယာတော်ဝမ်ကိုစတင်စမ်းသပ်ကြည့်သည်။ ထိုအချိန်မှာ ရုတ်တရက်ဆေးထည့်ထားတဲ့ပန်းကန်တစ်ခုက အကူသမားတော်လေးရဲ့လက်ထဲမှ လျှောကျသွားပြီးကျယ်လောင်သော "ခွမ်း"ဆိုတဲ့ကျကွဲသံကို အဲ့နေရာမှာရှိတဲ့လူတွေအားလုံးကြားလိုက်ကြသည်။

သမားတော်လေးအတွက်အားလုံးက အမွှေးတိုင်ကြိုထွန်းပေးထားလိုက်ကြသည်။ ရှောင်းအရှင်လည်း ဒေါသအလွန်ထွက်သွားခဲ့သည်။

သို့သော်မထင်မှတ်ထားတာတစ်ခုဖြစ်ပွားခဲ့သည်။ နှစ်ရက်ဆက်တိုက်မနိုးလာခဲ့သောဝမ်လေးမှာ လက်ချောင်းကလေးများလှုပ်ရှားလာခဲ့သည်။ ဒါကိုမြင်တဲ့သမားတော်ငယ်လေးတစ်ယောက်က ဝမ်းသာအားရဖြင့်အသံကိုတိုးပြီးပြောသည်။

"ကြင်ယာတော်ဝမ်လှုပ်လာပြီ"

နားပါးတဲ့ရှောင်းအပါအဝင် လူတစ်ချို့ကကြင်ယာတော်ဝမ်ရှိရာသို့ အကြည့်လှမ်းပို့လိုက်သည်။

"တကယ်ကြီး.ကြင်ယာတော်ဝမ်နိုးလာခဲ့ပြီ။
ပန်းကန်ကွဲအောင်လုပ်မိသောသမားတော်ငယ်လေးမှာ နေရာမှာတင်ကြင်ယာတော်ဝမ်ကို ရှစ်ခိုးမိမတတ်ဖြစ်သွားသည်။

ခေတ်သစ်မှလာသော ကြင်ယာတော်ဝမ်{COMPLETED}Where stories live. Discover now