ep-28 uni

533 41 0
                                    

ခေတ်သစ်မှရောက်လာသော ကြင်ယာတော်ဝမ်

အပိုင်း(28)

ဝမ်လေးတို့သားအဖတစ်တွေဟာ မွေးနေ့ပွဲကိုအတူတကွ လက်တွဲရင်းသွားခဲ့ကြသည်။ နောက်မှာအပျိုတော်တွေကလည်း တပ်ကြပ်မခွာလိုက်ခဲ့လေသည်။

ဒီလိုနဲ့အမွေးတိုင်တစ်တိုင်စာလောက်ပြီးသွားတော့ သူတို့ဟာခမ်းနားလှတဲ့အဆောင်တော်ကြီးတစ်ခုဆီကို ရောက်ရှိသွားကြသည်။ (အမွေးတိုင်တစ်တိုင်=၁၅မိနစ်ခန့်)
အဲ့ဒီကြီးမားလှတဲ့အဆောင်တော်ကြီးကို ကြေးနီရောင်သုတ်ထားပြီး  တိုင်လုံးကြီးများကလည်း စီစီရီရီရှိနေခဲ့သည်။ ထို့အပြင်ယနေ့မှာပိုပြီးပြင်ဆင်ထားကြသဖြင့် အတိုင်းထက်လွန်လှပနေလေသည်။ ဖဲကြိုးရောင်စုံများဖြင့်လဲ အလှဆင်ထားသဖြင့် အများအမြင်မှာတင့်တယ်လှပနေခဲ့သည်။ နန်းသူလေးများကလည်း ဟိုပြေးသည်ပြေးဖြင့်နားချိန်မရှိအောင် အလုပ်များနေကြသည်။ သူတို့၏ရေမြေ့သခင်ရှောင်းမင်းကြီးမှာလည်း ဟိုပြောသည်ညွှန်ပြနေလေသည်။ အရှင်မင်းကြီးကိုယ်တိုင်ဦးဆောင်နေမှတော့ အချောင်ခိုနေနိုင်ရိုးလား။ ထို့ကြောင့်အပျိုတော်အများဟာ ချွေးတပေါက်ပေါက်ဖြင့် အလုပ်ဆက်လုပ်နေခဲ့ရသည်။

တစ်ခနကြာတော့ ဝမ်လေးတို့သားအဖတွေဟာ အဆောင်တော်ကြီးကိုရောက်ရှိလာကြသည်။

"ဝိုး" ဝမ်လေးဟာတတ်နိုင်သမျှထိန်းလိုက်ပေမယ့် အာမေဋိတ်အသံကပါးစပ်ကနေ ထိန်းချုပ်မှုမရှိပဲထွက်ပေါ်လာခဲ့သည်။

"ဝါး အရမ်းလှတာပဲ ပါ.."

"ရှူး.သမီး မယ်တော်လို့ခေါ်"

"ဟုတ်ကဲ့ မယ်တော်"

"အွန်း သွားကြမယ်"

"သွားမယ်.."

"ကြင်ယာတော်၊ မင်းသားလေးတို့ ဖြေးဖြေးသွားကြပါ"

"ဟုတ်ပါပြီ လာလာ"

"ဝါး ပါ.. မယ်တော် အရမ်းလှတာပဲ"

"လာ.မယ်တော်တို့လျှောက်ကြည့်ကြရအောင်"
ဝမ်လေးလဲပြောသာပြောရတာ မယ်တော်ဆိုတာကြီးက ပါးစပ်ထဲကနေထွက်ရခက်နေသည်။ လျှာတောင်ယားလာသလိုပဲ။

ခေတ်သစ်မှလာသော ကြင်ယာတော်ဝမ်{COMPLETED}Where stories live. Discover now