5

231 44 4
                                    

"ဂယောင်ဆူး "

ဂယောင်ဆူး သူ့နိုးလာတော့ သူ့ကိုစိုးရိမ်တကြီးကြည့်နေတဲ့ ဂျုံအင်ကို အရင်တွေ့ရသည် ။ သူ့အခန်းကို ကြည့်လို့တော့ ကျောင်းဆေးခန်းဖြစ်နေသည် ။ သူ့ ဟိုလူနဲ့ နမ်းရင်း မေ့လဲသွားတာဖြစ်သည် ။ ရှက်ဖို့ကောင်းလိုက်တာ ဂျုံအင် မေးရင် သူဘယ်လို့ဖြေရမလဲ


"ဂယောင်ဆူး "



"ဟင်"



"သက်သာရဲ့လား"


ဂယောင်ဆူး ထထိုင်လိုက်ပြီး သူ့လက်ကိုအုပ်မိုးကိုင်ထားတဲ့ ဂျုံအင်လက်ပေါ်ကို သူ့လက်တင်လိုက်ပြီး..


"ဂျုံအင် မင်းကိုစိတ်ပူစေမိလို့ တောင်းပန်ပါတယ် ငါကြောင့်နဲ့ မင်းအမြဲတမ်း အခက်တွေ့ရစေမိပြီး"


"မဟုတ်တာ ငါမင်းကိုသေချာဂရုမစိုက်မိလို့ တောင်းပန်ပါတယ် ဂယောင်ဆူး "

ဂျုံအင်က စိတ်မကောင်းသလို့ပြောတော့ ဂယောင်ဆူး ဂျုံအင်ကျောပြင်လေးကို ဖက်တွယ်ထားလိုက်သည် ။ ဂျုံအင်ကလည်း သူ့နီးတူ သူကိုပြန်ဖက်ထားသည် 

"ဂယောင်ဆူး "

"အွန်း"

"မင်း ဘယ်လို့ဖြစ်ပြီး မေ့လဲသွားတာလဲ ရောဂါပြန်ဖောက်လို့လား "

ဂယောင်ဆူး ခါးလေးမတ်သွားသည်

"အာ..မဟုတ်ပါဘူး ဒီ...ဒီအတိုင်းပင်ပန်းလို့ မစိုးရိမ်ပါနဲ့ ငါအဆင်ပြေပါတယ်"


ဂျုံအင်က အဲ့ကြမှသက်ပြင်းချလိုက်ပြီး...

"အင်းပါ မင်းဘာမှမဖြစ်ဘူးဆိုရင်လည်းတော်သေးတာပေါ့ တစ်ခုခုဆိုရင် ငါကိုပြောနော် စိတ်ထဲမှာဘဲကျိတ်ပြီးခံစားမနေနဲ့ မင်းကငါရဲ့မိသားစုဘဲ ဂယောင်ဆူး ငါမှာပဲမင်းရှိသလို့ မင်းမှာလည်းငါဘဲရှိတယ် တစ်ခုခုဆိုရင်လည်း ငါကိုပြောလို့ရတယ် ဂယောင်ဆူး "

"အင်းပါ ငါမင်းကိုဘဲပြောမှာပါ မေမေကြီးပြီးရင်ငါကမင်းကို အချစ်ဆုံးပဲ"


"ချွဲစိန်"


တံခါးအနောက်ကနေ ကြည့်နေတဲ့လူတစ်ယောက်ကိုတော့ သူ့တို့နှစ်ယောက်လုံး မမြင်လိုက်ပါ









တိမ်တိုက်Where stories live. Discover now