9

198 39 3
                                    

"ဝိုးးး ....လှလိုက်တာ "






ဂယောင်ဆူး အခုရောက်နေတဲ့နေရာကိုကြည့်ပြီး အံသြနေမိသည် ။ ချန်းယောလ် ခေါ်တဲ့နောက်ကိုဂ​ယောင်ဆူး လိုက်လာခဲ့သည် ။ ဟိုရောက်​တော့တောင်ကုန်းလေးတစ်ခုရှိသည် ။ အဲ့အပေါ်ကနေကြည့်ရင် ဆိုးလ်တစ်မြို့လုံးကိုမြင်နေရသည်။ ဂယောင်ဆူး သစ်ပင်အောက်မှာသွားထိုင်လိုက်ရင် ဆိုးလ်ရဲ့ရှုခင်တွေကိုကြည့်ရှုနေမိသည် ။ အပင်ကြီးက ကြီးတာကြောင့် အရိပ်လဲရသလိုအေးလဲအေးသည် ။









ချန်းယောလ် ဂယောင်ဆူးထိုင်တဲ့နေရာမှာ သွားထိုင်လိုက်ပြီး..









"ဒီနေရာကို မင်းကိုပထမဦးဆုံးခေါ်လာဖူးတာ ဂယောင်ဆူး "










"ကျေးဇူးဘဲ ချန်းယောလ် ဒီနေရာလေးက အရမ်းလှတယ်နော် "









ချန်းယောလ် ဂယောင်ဆူးမျက်နှာလေးကိုကြည့်လိုက်ပြီး...








"အွန်း...လှတယ်"









"ဂယောင်ဆူး ညကြရင် ကောင်ကင်ကြီးက အရမ်းလှတာ ဖိုးလမင်းကလင်းထိန်းနေပြီး ကောင်ကင်တစ်ခုလုံးမှာ ကြယ်လေးတွေနဲ့ တောက်ပနေတာ ။ ငါ စိတ်ညစ်နေတဲ့အချိန်တိုင်း ငါဒီနေရာကို အမြဲလာဖြစ်တယ် ။ ငါရဲ့ စိတ်အပန်းဖြေရာနေရာတစ်ခုပေါ့ "









"ချန်းယောလ် မင်းမှာစိတ်ညစ်စရာရှိနေလို့လား မင်း ငါ့ကိုယုံကြည့်ရင် ပြောပြလို့ရတယ်နော် ဘာဘဲဖြစ်ဖြစ် မင်းရင်ထဲမှာ ခံစားချက်တွေထုတ်ပြီးပြောလိုက်ရင် ရင်ထဲပေါ့သွားတာပေါ့ "









ချန်းယောလ် ကောင်ကင်ကြီးကိုမော့ကြည့်လိုက်ပြီး...







"ငါ့ဘဝမှာ ပိုက်ဆံရှိတာကလွဲပြီး ကျန်တာမရှိဘူး ငါ သူများမိသားစုတွေကိုအားကျတယ် တစ်ချို့လူတွေကတော့ ငါကို အားကျနေတာပေါ့ ဝန်ကြီးသားတစ်ယောက်ဖြစ်တဲ့အပြင် ပြီးပြည့်စုံတဲ့ ယောက်ကျာ်းတစ်ယောက်ဆိုပြီးတော့လေး ဟက်... လိုချင်တာကို လက်ညိုးထိုးလိုက်တာနဲ့ရပေးမဲ့ ချစ်ခြင်းမေတ္တာတွေတော့ ငါ မရခဲ့ဘူး "










တိမ်တိုက်Where stories live. Discover now