13

188 35 2
                                    

"ခင်ဗျာ ဘယ်သူလဲ "








မင်ဟိုဆေးရုံကဆင်းပြီးထဲက အခုထိဝါဂွမ်းလေးကိုမတွေ့ရသေးတာ‌ကြောင့် ဆေးရုံကိုလိုက်သွားပြီး ဝါဂွမ်းလေးကိုမေးကြည့်တော့ ဂျူတီပြီးသွားလို့အိမ်ပြန်သွားပြီးပြောလို့ အိမ်လိပ်စာတောင်းပြီး ဝါဂွမ်းလေးအိမ်ရှေ့ကိုရောက်နေတာဖြစ်သည် ။ မင်ဟို ဝါဂွမ်းလေးအိမ်ရှေ့ရောက်တော့ ဘယ်သူမှမတွေ့တာ‌ကြောင့် ဟိုကြည့်ဒီကြည့်ချောင်းကြည့်နေတုန်း သူ့နားကို ကောင်လေးနှစ်ယောက်ရောက်လာသည် ။ မင်ဟို ကောင်လေးနှစ်ယောက်ကို အထက်အောက်ကြည့်လိုက်ပြီး....










"မင်းတို့က ဒီအိမ်ကလား "









"အွန်း"








ဂယောင်ဆူးနဲ့ဂျုံအင် အရှေ့ကလူကို ခေါင်းညိတ်ပြလိုက်သည် ။ အရှေ့ကလူက သူတို့နှစ်ယောက်ကိုအားရဝမ်းသာကြည့်ပြီး...။









"အကိုက ဝါဂွမ်းလေးရဲ့မိတ်ဆွေပါ"











"ဝါဂွမ်း‌‌လေး2"









ဂယောင်ဆူးနဲ့ဂျုံအင်ပြိုင်တူရွတ်လိုက်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်











"အာ...အကိုပြောတာက ဒေါက်တာကင်မ်ဆူဟိုကိုပြောတာပါ"









"ဪ"









"အကိုဆူဟိုရဲ့မိတ်ဆွေဆိုရင် အထဲကိုကြွပါ"










ဂယောင်ဆူးတို့သုံးယောက်အိမ်ထဲကို အတူတူဝင်ခဲ့ကြသည် ။ အိမ်ထဲရောက်တော့ အကိုဆူဟိုက စာရွက်တွေနဲ့အလုပ်ရှုပ်နေသည် ။ ဂယောင်ဆူး အလုပ်ရှုပ်နေတဲ့ အကိုဆူဟိုကိုခေါ်လိုက်သည် ။










"အကိုဆူဟို"











ဆူဟို ဂျူတီပြီးသွားတာတောင်မနားရဘူး ။ အိမ်အထိအလုပ်တွေသယ်လာရသည် ။ ဘယ် လောက်တောင်အလုပ်ထဲဈာဉ်ဝင်နေလည်းမသိဘူး ။ ကလေးတွေပြန်လာတာတောင် သတိမထားမိလိုက်ဘူး ။ ဆူဟို ကလေးတွေခေါ်သံကြောင့် မော့ကြည့်လိုက်တော့ ကလေးတွေအနောက်ကတစ်ယောက်ကို​တွေ့ပြီး အံ့ဩသွားမိသည် ။ ဘယ်ကနေဘယ်လိုဖြစ်ပြီး...သူတွေးနေတုန်း...











တိမ်တိုက်Where stories live. Discover now