Mg ❤ Yone (4)

4.7K 414 45
                                    

" ဘယ်လဲ "

ရုပ်တည်တည်လေးက စိတ်ဆိုးမာန်ဆိုးနှင့် ဆက်မာန်ဟိန်းဘေးကနေ ထွက်သွားဖို့ လုပ်နေတာကြောင့် ဆက်မာန်ဟိန်း ရုံ့လက်ကို လှမ်းဆွဲလိုက်သည်။

" ဖယ် "

ဆက်မာန်ဟိန်းလက်ကို ဖယ်ချပြီး လမ်းပိတ်ထားတဲ့ ဆက်မာန်ဟိန်းရဲ့ခြေထောက်ကို မရမကကျော်ခွနေပြန်သည်။

" ဘယ်ကိုလဲလို့ မောင်မေးနေတယ် ရုံ "

ဆက်မာန်ဟိန်းကို တည့်တည့်မကြည့်ဘဲ မျက်ဝန်းထောင့်ကနေ မသိမသာကြည့်ကာ မျက်စောင်းထိုးသွားတဲ့ ရုံကြောင့်စိတ်ထဲ ကလိကလိ။ လူတွေသာရှိမနေရင် အသဲယားလွန်းလို့ ဖြစ်ညှစ်ပစ်မိမယ်ထင်သည်။

" ငါ့သူငယ်ချင်းတွေနဲ့ သွားထိုင်မှာ"

ရုံ့စကားကြောင့် တားဆီးထားတဲ့ဆက်မာန်ဟိန်းခြေထောက်တွေ တဖြည်းဖြည်း ရုတ်သိမ်းသွားသည်။

အဲ့ဒါတွေ မကြိုက်တာပဲ။ ရုံက သူငယ်ချင်းတွေဆီ သွားချင်တာမှမဟုတ်ဘဲ။ မောင့်ကို စိတ်ကောက်နေတာလေ။ ရုံ့ကို ချော့ပြီး မသွားပါနဲ့ပြောရင် ဘာဖြစ်သွားမှာမို့လို့လဲ ။ ရုံက မောင်နားပဲ ထိုင်ချင်တာကို။

" ခေါင်းမူးနေတယ်ဆို မောင့်နားမှာပဲ​နေပါလား "

မောင့်အသံက မရဲတရဲပါပဲ။ ဒါတောင် ရုံခေါင်းမူးနေတယ်ပြောလို့ သူ့အနားထားချင်တာ။ ရုံ့အလိုကိုကျ မလိုက်ပါဘဲနဲ့။

" မနေဘူး အဲ့ကောင်တွေနဲ့ ကျောင်းပြေးပြီး လျှောက်သွားမှာ သေချင်သေပါစေ "

ရုံ့စကားကြောင့် ဆက်မာန်ဟိန်း လေးလေးပင်ပင် သက်ပြင်းချလိုက်သည်။

" ဘာလို့ဆိုးနေရတာလဲ ရုံ "

အားအနည်းငယ်သုံးကာ ရုံ့ကိုယ်လေးကို သူ့ဘေးဆွဲချလိုက်ပြီး ထိုင်စေတော့ ဆက်မာန်ဟိန်းကို ကျောပေးကာ နံရံကြီးကို မျက်နှာမူပြီး ဆက်မာန်ဟိန်းကို ရန်တွေ့နေလေသည်။

" မင်းလုပ်လို့လေ.. မင်းကြောင့် ဆိုးရတာ..ငါက ဆင်တူဝတ်ချင်လို့ကို.. တစ်ခုဝယ်ရင် တစ်ခုအလကားရတာပါဆို ..ဈေးမကြီးပါဘူးဆို ..ဒါလေးတောင် လက်မခံပေးနိုင်ရအောင် ငါက မင်းအတွက် ဘာမှ ဖြည်းဆည်းပေးခွင့်မရတဲ့ကောင်ပေါ့.. သိတယ်.. အချစ်တွေနဲ့ လုံလောက်နေတာ သိတယ် ..မင်းကျတော့ ငါ့အတွက် အရာရာလုပ်ပေးပြီးတော့ ငါကျတော့ဘာမှလုပ်ပေးခွင့်မရဘူးပေါ့.. ငါက လိုရင်တောင် အသုံးမခံရတဲ့ကောင်.. လိုလည်း မသုံးဘူး မလိုလည်း မသုံးဘူး..မင်းကလေ မင်းစိတ်ချည်းပဲ သိလား.. မင်းကျတော့ ငါ့ကို မင်းအလိုကျချစ်ပြီး ငါ့ကျတော့ ငါ့အလိုကျ မင်းကို မချစ်ရဘူး ..မင်းက ငါ့ကို ဘယ်တုန်းကမှ အလိုမလိုက်ဘူး.. "

" စေတနာရုံ ခြုံကာလွှမ်းလို့ မောင့်မေတ္တာဝေ"Where stories live. Discover now