Mg ❤ Yone (11)

3.4K 348 27
                                    

ဒီနေ့ ညဂျူတီဖြစ်တာကြောင့် ရုံ နောက်ကျမှအိပ်ယာထဖြစ်သည်။ရုံနိုးလာတော့မောင်ရှိမနေ။ဈေးများသွားတာလား။ကလေးငယ်လေးအိပ်ယာကနိုးလာတော့အမေကိုမတွေ့လို့အော်ငိုပြီးလိုက်ရှာတဲ့ခံစားချက်မျိုးဖြစ်အောင်မောင်အမြဲလုပ်သည်။မကျယ်သေးတဲ့ မျက်ဝန်းအိမ်တွေဟာစားပွဲပေါ်ကဘူးလေးနှစ်ဘူးကိုမြင်တော့လဲ့ခနဲ၊လက်ခနဲ။

 ချောကလက်ပေါက်ပေါက်ဘူးလေးနှစ်ဘူး။ပြီးတော့ စာလေးတစ်စောင်။

 “ မောင့်ကို

အပြည့်အဝစိတ်ကောက်ပြေပြီဆိုရင်

ပွေ့ဖက်ပေးပါ “

 ရုံ ညင်ညင်သာသာ သဘောတကျ ပြုံးလိုက်သည်။

" အဟင်း "

မောင့်လက်ရေးနဲ့ရေးထားတဲ့ စာတိုလေးကို တယုတယ အကြိမ်ကြိမ် တစိမ့်စိမ့်ဖတ်နေမိသည်။စာလုံးတစ်လုံးစီတိုင်း၊ မောင့်ရဲ့စကားလုံးတစ်လုံးစီတိုင်းကိုမြတ်နိုးလွန်း၍အပြုံးပန်းတွေဟာလည်းမဆုံးနိုင်အောင်လှိုင်လှိုင်ဝေနေတော့တာပင်။ မောင်သည် သိပ်ကို ချစ်ဖို့ကောင်းသည်။

" မောင် "

ရုံ့ အနောက်မှာ မောင်ဟာတိတ်တိတ်ကလေးရပ်လို့နေသည်။လက်ထဲမှာ အာလူးတွေတပွေ့တပိုက်။ဘယ်သူကမောင့်ကိုချစ်ခင်ပြီးပေးလိုက်ပြန်သည်မသိ။

နားရွက်ဖျားလေးတွေရဲနေသည့် မောင်။ရာသီဥတုကအေးလို့လား။ဒါမှမဟုတ် ရုံ့ကိုအသဲယားအောင်လုပ်ထားပြီးရှက်နေလေသလား။စကားတစ်ခွန်းမဆိုပဲ ရုံ့ကို ကြည့်နေလေသည်။

" ဒုတ် ...ဒုတ် "

မောင်ပိုက်ထားတဲ့အာလူးတွေကြမ်းပြင်မှာပြန့်ကျဲကုန်သည်။မောင့်ကို ရုံအတင်းပွေ့ဖက်လိုက်သည်မလား။

မောင့်ကိုယ်လေးတောင့်တင်းသွားပြီး ဝင်သက်ထွက်သက်လေးကိုတောင် ထိန်းပြီးရှူသွင်း၊ရှူထုတ်လုပ်နေသည်။

" နာမယ်လေ ရုံ ပေကုန်မှာပေါ့ "

ကြည့် ။ သူပဲဖက်ဆိုလို့ ဖက်တာကို ။လူကိုနာမယ် ၊ ပေမယ် က လုပ်လာပြီ။

" ဖက်ဆို "

မျက်လုံးချင်းဆိုင်ကာပြောတော့ မောင်က အသာအယာပြုံးသည်။ထို့နောက်မောင့်လက်ထဲကျန်နေတဲ့အာလူးတွေအကုန်လုံးဟာကြမ်းပြင်​ပေါ်တလိမ့်လိမ့်ကျဆင်းသွားတော့သည်။
 
.

" စေတနာရုံ ခြုံကာလွှမ်းလို့ မောင့်မေတ္တာဝေ"Where stories live. Discover now