Mg ❤ Yone (10)

3.7K 377 25
                                    

မြန်မြန်လာခဲ့ဆိုပြီး ပျောက်သွားတဲ့ကောင်လေး။ လူကိုမြင်တာနဲ့ ရှောင်ရှောင်ထွက်နေလို့ တနေ့လယ်လုံးမျက်နှာချင်းပင်မဆိုင်ရ​ပေ။ အခု အခန်း​ပြန်ဖို့ ရှာတော့လည်းမတွေ့။

ရုံက မကျေနပ်တာရှိရင် အမြဲတမ်းပွင့်ပွင့်လင်းလင်းပြောကာ ဖြေရှင်းနေကျ။ဒီအချက်ကို မကြိုက်ဘူး ငါစိတ်ဆိုးတယ်ဆိုပြီး သူစိတ်ဆိုးစိတ်ကောက်နေကြောင်းကို ဆက်မာန်ဟိန်းဆီ တကူးတကပြောပြီး အချော့ခံနေကျ။ဒီလိုရှောင်ဖယ်ပုန်းပြီး စိတ်ကောက်တယ်ဆိုတာ ဒါပထမဦးဆုံးအကြိမ်ပင်။ ပုံမှန်လည်း ရုံကို အလျှော့ပေးနေကျ၊ချော့နေကျဆိုပေမဲ့ အခုလိုစိတ်ကောက်တာကို ချော့ရမှာကပထမဆုံးအကြိမ်ဖြစ်တာမလို့ စိတ်ပင်လှုပ်ရှားနေသယောင်။

အခန်းဆီရောက်တော့ ရုံက သူ့ကုတင်ပေါ်မှာလှဲနေသည်။ ဆပ်ပြာနံ့သင်းသင်းလေးက ရုံ ရေချိုးပြီးကြောင်းကို ဖော်ပြနေသည်။

" နေမကောင်းဘူးလား ရုံ "

အနားသွားကာ နဖူးလေးကို စမ်းတော့ တဖက်ကိုလှည့်သွားသည်။ ဒီအေးစက်နေတဲ့အခြေအနေကို ​ပြန်နွေးထွေးလာအောင် ဘယ်လိုကြိုးစားရပါ့မလဲ။

" မောင် ကြက်ကြော်ဝယ်လာတယ် "

မှိတ်ထားတဲ့စေတနာရုံမျက်ခွံလေးတွေက လှုပ်လီလှုပ်လဲ့။ မနေ့ညက ကြက်ကြော်စားချင်တယ်လို့ တိုးတိုးလေးရေရွတ်လိုက်တာကို မောင် ကြားသွားတာလား။

" မုန့်ဆိုင်တွေက အစောကြီးပိတ်သွားတယ် ရုံ မောင် မနက်ဖြန်မှ ချောကလက်ပေါက်ပေါက်ဝယ်ကျွေးမယ်နော် "

ရုံ ဘာမှပြန်မဖြေဘဲ တိတ်တိတ်လေးသာငြိမ်နေလိုက်သည်။ အ​တော်အတန်​ကြာသည်အထိ မောင့်ဆီမှ မည်သည့်စကားတစ်ခွန်းမှထွက်မလာခဲ့တော့။

ခနအကြာမှာ မောင်ရေချိုးခန်းထဲဝင်သွားသံကြားလိုက်သည်။ဘေစင်ကရေကျသံကိုကြားနေရသည်။ ရေချိုးခန်းတံခါးဖွင့်သံကြောင့်အလျင်အ​မြန်မျက်လုံးပြန်မှိတ်လိုက်သည်။

ထမင်းအိုးကိုယူလိုက်သံ ဆန်ဆေးသံ ထမင်းအိုးတည်သံတွေကိုတဂျောက်ဂျောက်နှင့်ကြားနေရသည်။ အသံတွေငြိမ်သွားသည့်နောက်မှာ ရုံဘေးကမောင့်ကုတင်မှာ မောင်ဝင်ထိုင်လိုက်တာကိုခံစားလိုက်ရသည်။ အခန်းငယ်ထဲစကားသံတွေပျောက်ဆုံးလျက်။ ဒါဘယ်လိုအခြေအ​နေကြီးလဲ။ မောင်က ရုံ့ကို မချော့ဘူးလား။

" စေတနာရုံ ခြုံကာလွှမ်းလို့ မောင့်မေတ္တာဝေ"Where stories live. Discover now