Mg ❤ Yone (14)

3.9K 347 25
                                    

" ဆရာကိုယ်တိုင်လိုက်လာတာပဲ "

"လာရမှာပေါ့ဗျာ တစ်ဦးတည်းရှိတဲ့မြေး ဘွဲ့ယူတာပဲ မလာလို့ဘယ်ဖြစ်မလဲ "

အဘိုးရဲ့စကားကိုကြားတော့ ရုံအောင့်သက်သက်ပြုံးမိသည်။ငယ်စဥ်ကဆုယူတဲ့အချိန်တိုင်းမှာ၊မိဘတွေ့ဆုံပွဲတိုင်းမှာ ကျောင်းပို့ကျောင်းကြိုလုပ်တဲ့ဒရိုင်ဘာကပဲ လာခဲ့တာမဟုတ်လား။

" ကလေးတွေတောင် မျက်စိရှေ့တင်အရွယ်ရောက်လာကြပြီ ငယ်သူငယ်ချင်းတွေ အခုချိန်အထိခင်မင်နေကြတာ ဝမ်းသာတယ် "

အဘိုးစကားကြောင့် သူငယ်ချင်းဆိုသူတွေရဲ့မိဘတွေကလည်း ခေါင်းတငြိမ့်ငြိမ့်၊တပြုံးပြုံးပေါ့လေ။ကျောင်းစနေတဲ့အရွယ်ကတည်း သူ့ကိုပေါင်းရမယ်၊သူ့ကိုမပေါင်းရဘူးဆိုတဲ့ အ​ရေးမပါသော
ကန့်သတ်ချက်တွေနဲ့ ဖန်တီးပေးခဲ့တဲ့သူငယ်ချင်းအသိုက်အမြုံ။

" ကျောင်းပြီးပြီဆိုတော့ ဆရာ့ကို အားကိုးရမှာပဲ "

ရှိတဲ့သူတွေက ပိုလိုချင်ကြတယ်တဲ့။ရသမျှအခွင့်အရေးကို လက်တဆုံးနှိုက်ချင်ကြတဲ့သူတွေ။ဒီနေရာမှာ မပြည့်စုံတဲ့သူတစ်ယောက်ကအခွင့်အရေးတောင်းကြည့်ပါလား။ဒီလူတွေကပဲ ရှုံ့ချကြမှာ။​လှောင်ရယ်ဟားတိုက်ချင်စရာ။

ငွေရှိမှမင်တဲ့ဒီအသိုင်းအဝိုင်းရဲ့စကားဝိုင်းထဲ ရုံဝင်မတိုးချင်သလို နားထောင်ဖို့လည်းစိတ်မဝင်စားပေ။သူ့အာရုံထဲမှာ အပြည့်အဝလွှမ်းမိုးနေတာက မောင်။မောင် အခုထိရောက်မလာသေးပေ။လူအစုအရုံးကြား ဟိုကြည့်ဒီကြည့်ရှာသော်လည်း မောင့်အရိပ်အယောင်ကိုမတွေ့။ဖုန်းခေါ်ကြည့်ပြန်တော့လည်း မောင်ကဖုန်းမကိုင်ပြန်။ရုံနဲ့အတူတူလာမယ်၊ရုံလာခေါ်မယ်ဆိုပြန်တော့လည်းမောင်ကလက်မခံ။

" မကြာမီအချိန်အတွင်းမှာ အခမ်းအနားစတင်တော့မှာဖြစ်ပါသဖြင့်သတ်မှတ်နေရာတွင် နေရာယူပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါသည် "

ရှုပ်ယှက်ခတ်လှုပ်ရှားသွားတဲ့လူအုပ်ကြားထဲ ရုံမျက်လုံးတွေဟာလည်းမငြိမ်မသက်။

" စေတနာရုံ သွားမယ်လေ "

ခေါင်းရမ်း​ပြလိုက်မိသည်လား။မောင့်ကိုစောင့်ဦးမယ်။မောင်လာမှ မောင်နဲ့အတူ ဘွဲ့နှင်းသဘင်ထဲ ဝင်မယ်။ခြေတစ်လှမ်းမရွေ့ဘဲ ဝင်ပေါက်ဆီကိုသာတစိုက်မတ်မတ်ကြည့်နေမိသည်။

" စေတနာရုံ ခြုံကာလွှမ်းလို့ မောင့်မေတ္တာဝေ"Where stories live. Discover now