အခန်း (1497 - 1498)

267 36 1
                                    

အခန်း (၁၄၉၇) : ကျမနှင့် ချစ်ကျွမ်းဝင်သော အာဏာရှင်စီနီယာ

ဂူမန်မန်နောက်မှာ စနိတ်ခ် ရှိနေသည့်အတွက် သူမရဲ့ဂါဝန်မလှဘူးလို့ ဘယ်သူက ပြောရဲမှာလဲ

ထို့အပြင် သူမရဲ့ဂါဝန်က ထိပ်တန်းဒီဇိုင်နာက ချုပ်ပေးထားသည့်အတွက် ဂူမန်မန်လို ငယ်ရွယ်လှပသူမဟုတ်ပဲ အသက်ကြီးသော အမျိုးသမီးတစ်ယောက်ဝတ်လျှင်ပင် ကျက်သရေရှိပြီး လှပမှာ သေချာသည်။

မိတ်ကပ်ပြင်ဆရာမတွေဆီက ချီးကျူးစကားကို ကြားရပြီးနောက်မှာတော့ ဂူမန်မန်လည်း ပိုပြီးတော့ ယုံကြည်မှု ရှိလာသည်။

သူမက ထိုင်ခုံပေါ်တွင် ထိုင်ကာ မိတ်ကပ်ပြင်ပေးတာနဲ့ ဆံပင်ပြင်ပေးတာကို ခံယူလိုက်သည်။ ဂူမန်မန်က‌ နေရခက်ပြီး မလှုပ်ရဲ ဖြစ်နေသည်။

စနိတ်ခ်ကတော့ စိတ်အေးသက်သာစွာဖြင့် အပေါ်ထပ်တွင် ကာကီရောင်ဝတ်စုံကို အထဲကနေ ရှပ်အဖြူခံကာ ဝတ်လိုက်သည်။ ထို့နောက် ဂူမန်မန် ဆင်မြန်းမည့် နီလာ ကျောက်မျက်ရတနာနှင့်လိုက်ဖက်အောင် နက်ကတိုင် နီလာကျောက်အရောင် တပ်လိုက်သည်။

စနိတ်ခ်က ဒီလိုပွဲမျိုးတွေကို တက်ရောက်ရတာ ကျင့်သားရနေပြီဖြစ်သည့်အတွက် ပြင်ဆင်မှုတွေကို မြန်မြန်ဆန်ဆန် လုပ်လိုက်နိုင်သည်။ ထို့နောက် ဘေးမှာထိုင်ကာ အသင့်ဖြစ်အောင် ပြင်ဆင်နေသော ဂူမန်မန်ကို ထိုင်ကြည့်နေပြီး သူမက ချစ်စရာကောင်းသည်ဟု တွေးနေသည်။

စနိတ်ခ်စိုက်ကြည့်တာ ရောင်ခြည်သာပါပါက ဂူမန်မန်၏ ခန္ဓာကိုယ်တွင် အပေါက်နှစ်ပေါက်တောင် ဖြစ်သွားလောက်ပြီ ဖြစ်သည်။

ဂူမန်မန်က စနိတ်ခ်ကို ကြည့်ကာ မေးလိုက်သည်

“ အပေါ်ထပ်မှာရှိတဲ့ ဂါဝန်တွေက ထိပ်တန်း ဒီဇိုင်နာ ၁၀ ယောက်ရဲ့ လက်ရာတွေလို့ ရှင် ပြောခဲ့တယ်မဟုတ်လား။ ကျမ ဘာလို့ ဂါဝန်ခုနစ်ထည်ပဲ တွေ့တာလဲ။ ကျန်တဲ့ သုံးထည်က ဘယ်ရောက်သွားတာလဲ။ ရှင် တစ်ယောက်ယောက်ကို ပေးလိုက်တာလား”

“ ကိုယ် လွှင့်ပစ်လိုက်တာ” စနိတ်ခ်က ရိုးရိုးလေး ဖြေလိုက်သော်လည်း ဂူမန်မန်ကတော့ သူ့တုံ့ပြန်ချက်ကြောင့် အံ့ဩထိတ်လန့်သွားရသည်။

ရှောင်မန် (1395 - final) CompletedWhere stories live. Discover now