Mine17

7.6K 142 51
                                    

(Zawgyi)ဒီနေ့ ကျနော့်အိမ်တွင် မည်သူတစ်ဦးတစ်ယောက်မရှိတာ​ကြောင့်ကျနော့်ကောင်မလေးကို အိမ်အလည်ခေါ်လာခဲ့သည်။ဤအကြောင်းအရာ တစ်ခုတင်လည်း မဟုတ် ကျနော်ကျောင်းမှာရန်ဖြစ်တယ်ဆိုသည့် ကလေးမကို တော်တော်လေး ဆူပူကျိန်းမောင်းချင်မိနေသည်။လပိုင်းလေးတင် ကွာဟကြသည့် အသက...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(Zawgyi)
ဒီနေ့ ကျနော့်အိမ်တွင် မည်သူတစ်ဦးတစ်ယောက်မရှိတာ​ကြောင့်
ကျနော့်ကောင်မလေးကို အိမ်အလည်ခေါ်လာခဲ့သည်။ဤအကြောင်းအရာ တစ်ခုတင်လည်း မဟုတ် ကျနော်ကျောင်းမှာရန်ဖြစ်တယ်ဆိုသည့် ကလေးမကို တော်တော်လေး ဆူပူကျိန်းမောင်းချင်မိနေသည်။လပိုင်းလေးတင် ကွာဟကြသည့် အသက်အရွယ်ကြောင့် သူကျနော့်ကို မကြောက်မှန်းသိသည်။သို့သော် လောလောဆယ်သူမအပြုအမှုတို့ဟာ ကျနော့်အား မလေးမစားဖြင့်.... သူ့အားဆုံးမစကားဆိုနေသည့် ကျနော့်ကို တစ်ခွန်းမကျန်ပြန်ပြော၍နေသည်။

အရပ်ကလေး ကြည့်တော့ 4ပေ11 ဒေါသကလာကြီးပြနေသေးတယ်။ ဂျပုမလေးအား တစ်ချက်ငုံ့ကြည့်ရင်း ဒေါသမျက်ဝန်းတို့ဖြင့် ကြည့်လိုက်တော့ အရည်လဲ့လာသည့် မျက်ဝန်းတို့က သနားစဖွယ်။သို့​သော် ကျနော်တင်းထားသည့်မျက်နှာအား မဖြေလျော့မိချေ။သူမခေါင်းလေးငုံ့ချသွားသည်အထိ စိုက်ကြည့်ပေးလိုက်မှ အသံတိတ်သွားလေသည်။

''ငယ်ငယ်....ကိုယ့်အမှားကိုယ်သိလား?!''

''မသိဘူး!! သူတို့ရန်လာစတာလေ...ငယ်ငယ့်ကိုလာစမှတော့ ရန်ဖြစ်မှာဘဲ!''

ကျနော့်ဒေါသ အစွမ်းကုန်ထွက်ကာ သည်းခံခြင်းလည်းကုန်သွား၏။

အကောင်သေးသေးသူမအား ခါးကနေဆွေ့ကနဲ့ပွေ့ရင်း 7 ပေကျော် ရေခဲသေတ္တာအကြီးကြီးတစ်လူံးပေါ်သို့ ပြစ်တင်လိုက်သည်။
ကျနော်သည် အသက်17 သာရှိသေးသော်လည်း အရပ်6' သူမအားတင်ရန်မခက်ခဲပေမယ့် ပြန်ဆင်းလို့မရသည့် 4"11 ကတော့ ခက်ခဲပေလိမ့်မည်။

''အား!!''

ငယ့်ကို ကိုကိုက ရေခဲသေတ္တာပေါ် ပြစ်တင်လိုက်တာမို့ ငယ်လန့်ကာအော်လိုက်သည်။အပေါ်မှာ ခြေထောက်လေးကိုကွေးလိုက်ရင်း တစ်အင့်အင့်ရှိုက်ငိုလိုက်သော်လည်း ကိုကိုက ပြန်ချပေးမည့်ပုံမပေါ်...

D.N.S(one short)Where stories live. Discover now