Nyi Nyi

3.9K 136 34
                                    

(unicode)

''ကိုကို''

''တိတ်စမ်း! ငါ့ကို လာမခေါ်နဲ့။အိမ်ရောက်ရင် မင်းသေတော့မှာ။ကိုကိုကြီး သိရင် ဒေါသဘယ်လောက်ထွက်မလဲ သိရဲ့လား!'

ဆိုင်ကယ်မောင်းနေသူက အမောင်းမပျက် အော်ပြောလာသည်။

''ကျနော် တောင်းပန်ပါတယ်..ကိုကို...ကိုကို က တော့ စိတ်မဆိုးပါနဲ့။ကိုကိုကြီး အပြစ်ပေးရင်လည်း ကျနော့်ဘာသာကျေကျေနပ်နပ် ခံပါ့မယ်''

ဆိုင်ကယ်ပေါ်တွင် လေတိုးသံတို့အား ကျော်အောင် စကားပြောရသည်က မလွယ်။သို့သော် ကိုကိုငယ် ဒေါသပြေဖို့သည်က အရာရာဖြစ်သည်။ တစ်သက်နဲ့ တစ်ကိုယ် ကိုကိုဒေါသထွက်သည်အား မမြင်ဖူးရာ ယခုတွင်တော့ အလွန်ပင် ဝမ်းနည်းစိတ်ပိုရသည်။ ကိုကိုကြီးဒေါသထွက်မည်ကို ကြောက်သည်က တစ်ကြောင်း၊ ကိုကိုငယ် စိတ္ဆိုးမြာ စိုးရိမ်သည်ကတစ်ကြောင်းနှင့် အသက်ရှုပင်မဝပါချေ။

''ငါ စကားမပြောချင်သေးဘူး...ညီညီ''

''ဟုတ်..ဟုတ်ကဲ့...ကျနော် မပြောတော့ဘူးဗျ''

ဆိုင်ကယ်ပေါ်တွင် တစ်ဖန်တိတ်ဆိတ်ကာသွားတော့သည်။ ကျနော်သည် ကိုကိုငယ်အား မလွန်ဆန်ချင်ပါ။ မလွန်ဆန်ဝံ့သည်ဟု ပြောသည်က ပိုမှန်မည်ထင်၏။

ဆိုင်ကယ်အပြာနုရောင်လေးသည် ညကိုးနာရီကျော်အချိန်တွင် မန္တလေး ကျုံးဘေးအား ဖြတ်မောင်းနေရုံပင်ရှိသေးသည်။ ဤအချိန် စံအိ်မ်တွင်မရှိသည့် က်နော်တို့ ညီအစ်ကိုသည်တော့ စံအိမ်ကြီးရှင် သခင်ရဲ့ ဒေါသနှင့် ပတ်ပင်းတိုးရတော့မည်။

ဆိုင်ကယ်ပေါ်မှ မြင်နေရသည့်မြို့အလှသည် တင့်တင့်တယ်တယ်ဖြင့်။ အသက် 17 အထိ ဆိုင်ကယ်တစ်ခါမျှ မစီးဘူးသည်က အဆန်းတော့မဟုတ်။ကိုကိုငယ် ဆိုင်ကယ်စီးတတ်မှန်းမသိသလို ဘယ်ကဆိုင်ကယ်မှန်းလည်း ကျနော်မသိ။မေးလိုစိတ်၊ သိလိုစိတ် များနေသော်လည်း ယခုချိန် ကိုကိုငယ့်ကို မေးလိုက်လျှင် ဆူခံရမည်က ကျိန်းသေဖြစ်သည်။

ကိုကိုငယ်သည် အနေးအေးလွန်းသည်။စကားပြောလျှင်ပင် လေသံမြှင့်မပြောဘူးချေ။ သို့သော် ဤနေ့တော့ ကျနော့်ကြောင့်နှင့် အော်ရ၊ငေါက်ရသည်။ယခုလည်း ဘယ်ကစီးတတ်သွားမှန်းမသိသည့် ဆိုင်ကယ်ကလစ်လေးဖြင့် မန်းမြို့ထဲ မောင်းနေရသည်။
ကားနှင့်ထွက်ခေါ်လျှင် ကိုကိုကြီးသိသွားမည်ထင်၍ စံအိမ် က ဆိုင်ကယ်ဖြင့်ထွက်လာပုံရသည်။

D.N.S(one short)Where stories live. Discover now