Ep - 14

3.8K 306 10
                                    

ရှောင်းကျန့် နေ့လည် အတန်းဆင်းချိန်ရောက်တော့ ဆရာ အခန်းထဲက ထွက်တာနဲ့ အပြင်ဘက်ကို ချက်ချင်း ကြည့်လိုက်သည်။

သူ့ကို ပြုံးပြလာတဲ့ ဝမ်ရိပေါ်ကြောင့် ခေါင်းကို ချက်ချင်း ပြန်လှည့်လိုက်ပြီး သူခိုး လူမိသွားသလို ဖြစ်သွားတာကြောင့် ရှောင်းကျန့် တစ်ဖက်လှည့်ရင်း ပြုံးလိုက်သည်။

ရိဖုန်း သူ့ ဘေးနားက အချစ်နဲ့ တွေ့တဲ့ လူလို အမူအရာ နဲ့ ရှောင်းကျန့် ကြောင့် သူ့ကိုယ်သူ သနားသွားရသည်။ သူ့စိတ်သူ ပြင်ဆင်ထားခဲ့တာ မမှားဘူးပဲ။

' ကဲ ... ငါ သွားတော့မယ်။ မင်းက လာစောင့်တဲ့ လူ ရှိတယ်မလား။'

ရှောင်းကျန့် ရိဖုန်း ရိပ်မိသွားမှန်း သိတာနဲ့ အပြင်က ဝမ်ရိပေါ်ကို ပြန်ကြည့်ပြီး မျက်စောင်း ထိုးပစ် လိုက်တယ်။ သူ့ကြောင့် သူများတွေကပါ သိကုန်တော့မယ်။

ရိပေါ် သူ့ကို ကြည့်ပြီး လှည့်သွားလိုက် ၊ ပြီး ပြန်ကြည့်လာပြီး မျက်စောင်း ပြန်ထိုးလိုက် လုပ်နေတဲ့ ရှောင်းကျန့် ကြောင့် လူအများရှိနေတာကို ရှောင်းကျန့် အရှက်ကွဲမှာ မကြောက်ရင် ဝင်သွားပြီး ဖျစ်ညှစ်ပစ်လိုက်မှ အသေချာပဲ။

ရိပေါ် ကြည့်နေရင်း ရိဖုန်း ရှောင်းကျန့်ထက် အရင် ထ တာ မြင်လိုက်သည်။

ရှောင်းကျန့် လူတွေ ဝမ်ရိပေါ်ကို ဒီထက် သတိမထားမိခင် သူလည်း အမြန် ထွက်လာလိုက်သည်။

' ဘာလို့ တစ်ကိုယ်လုံး ပြူးပြဲ ပြပြီး လာစောင့်နေတာလဲ။'

' အမ် .... ငါက ဘယ်လို လာရမှာလဲ။ ဒါမှ မဟုတ် မင်း ငါ့ကို တစ်ခြားလူ ကြည့်တာ မကြိုက်တာလား။'

' ဟွန့် ... ဆုတောင်းလေ။ ငါ့ကို ကြည့်နေရလို့ မင်းကို ကြည့်အားကြမှာ မဟုတ်ဘူး။'

ရိပေါ် ရှောင်းကျန့် စကားကြောင့် နှုတ်ခမ်း စူ သွားရသည်။ ဟုတ်ပါတယ်။ သူ့ကို တစ်ခြား မိန်းကလေးတွေ ကြည့်ချင် ကြည့်မယ်။ ဒီကျောင်းက ကောင်တွေကတော့ ကြည့်ရင်တောင် ရန်ဖြစ်ချင်တာ တစ်ခုပဲ ရှိသည်။

' ကဲပါ ... လာ ကန်တင်း သွားမယ်။ ငါ ဗိုက်ဆာနေပြီ။'

' ရှောင်းကျန့် !!!!.'

Falling in Fake  ( Completed )Where stories live. Discover now