Ep - 17

3.5K 295 3
                                    

' ကလေး နှစ်ယောက် မအိပ်သေးဘူးလား။

ကျန့်ကျန့် ... သားရဲ့ ပါးက မနက်ဖြန် ရောက်မှာနော်။'

ရှောင်းကျန့် ဖုန်းကြည့်နေပြီး လန်ဟွားက TV ကြည့်နေတုန်း မားက သူတို့နားလာပြီး လာပြောတာကြောင့် နှစ်ယောက်လုံး အာရုံက ရှောင်မား ဆီ ရောက်သွားသည်။

' ပါး က ခန ခန လာနေတာ။ ဆေးရုံက ခွင့်ပေးတယ်ပေါ့။'

' အင်း ရက်ကတော့ အများကြီး မရဘူးလေ။ အဲ့ဒါကြောင့် သားရဲ့ပါး လာရင် မနက်ဖြန် တစ်ခါတည်း သားတို့ ကိစ္စ ပြောမလို့။'

' မားကလည်း ... သားတို့ဘက်ကချည်းပဲ အရမ်းလောနေသလိုပဲ။ သား ရှက်လာပြီ။'

' ဘာရှက်စရာ လိုလဲ။ ကျောက်ရှင်း ဆိုလည်း သားကို အမြန်အိမ်ခေါ်ထားချင်နေပြီ။ သား ရိပေါ်ဆိုလည်း သားကို အမြန်လက်ထပ်ချင်နေပြီ။ ဒီလို ယောက္ခမ ရတာ သား အရမ်းကံကောင်းတယ်။'

' သားက လက်ထပ်ပြီးသွားရင် သူ့အိမ် လိုက်နေရမှာပေါ့။ လန်ဟွားကရော .... သူ တစ်ယောက်တည်း ဒီမှာနေလို့ ဘယ်အဆင်ပြေမလဲ။'

' အာ .... ငါက ကိစ္စ မရှိပါဘူး။ ဒီမှာနေလည်း အဆင်ပြေတာပဲ။ မဟုတ်လည်း ငါ့အမျိုးအိမ်မှာ သွားနေလို့ ရတယ်။'

' သမီး လန်ဟွားလည်း ကျောက်ရှင်း တို့အိမ် လိုက်နေလို့ ရပါတယ်။ မိန်းကလေး တစ်ယောက်တည်း ဒီမှာ နေလို့ ဘယ်သင့်တော်မလဲ။

မား နဲ့ ကျောက်ရှင်း ပြောထားပြီးသားပါ။ သား ကျန့်ကျန့် လက်ထပ် ပြီးသွားရင် လန်ဟွားလည်း လိုက်နေဖို့ကို။'

' အာ ... သမီး မလိုက်တော့ပါဘူး။ သမီးက လိုက်တော့ ဘယ်ကောင်းပါ့မလဲ။ သမီး ဒီမှာ မနေလဲ အမျိုးအိမ် သွားနေလို့ ရပါတယ်။ သမီးကို အားမနာကြပါနဲ့။

ရှောင်း ..... နင်လည်း ငါ့ကို အားမနာနဲ့။ နင်နဲ့ငါက အားနာနေရမယ့် လူတွေ မဟုတ်ဘူး။'

လန်ဟွား ရှောင်း လက်ထပ်ပြီးသွားရင် ဆိုပြီး သူ ဘာလုပ်ရမယ်ဆိုတာ စဉ်းစားထားပြီးသားပါ။ ကျောင်းကလည်း တစ်နှစ် ပြီးဖို့ နှစ်ဝက် လောက်ပဲ လိုပါတော့တယ်။ ပြီးရင် အိမ်ကို ပြောပြပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ လုပ်ထားတယ်။

Falling in Fake  ( Completed )Where stories live. Discover now