Ep - 16

3.6K 278 2
                                    

ကျန်း မိသားစု အိမ်တွင် ....

' သမီး ဒီနေ့ ဘယ်မှ မသွားနဲ့တော့။ ခနနေ ပါး သူငယ်ချင်း မိသားစု အိမ်မှာ ထမင်း လာစားမှာ။'

' ဟုတ် ပါး။'

လီဒါ သူ သဘောကျတဲ့ တစ်ယောက်ကလည်း သဘောတူထားပြီးသား ရှိနေတယ်လို့ သိကတည်းက စိတ်ဖြတ်လိုက်တာပဲ ဖြစ်သည်။

အခုလို ကိုယ်သဘောကျတဲ့ လူရော ကိုယ့်ကို သဘောကျနေတဲ့ လူကိုရော အကုန်ဖြတ်ပြီး စိတ် ရှင်းပြီး မိဘ ပေးစားမယ့် ယောကျာ်း ယူဖို့ စောင့်နေရတာလဲ တစ်မျိုးတော့ စိတ်ချမ်းသာရပါတယ်။

လီဒါ အတွေးတွေ ရပ်လိုက်ပြီး ဧည့်သည်အတွက် ပြင်နေတဲ့ မားကိုပဲ သွားကူပေးလိုက်သည်။

~~~~~~~~

' ဒေါ်လေး !!!! ရိဖုန်း ရှိလား။'

' ရှိတယ်။ ခုန လက်ထဲမှာ စာအုပ်တွေနဲ့ ခြံထဲ ဆင်းသွားတာ တွေ့လိုက်တယ်။'

' ဟုတ်။ ဒါဆို သား သွားကြည့်လိုက်အုံးမယ်။'

' အေး အေး။ သား အအေး သောက်မလား၊ အပူ သောက်မလား။ ဒေါ်လေး လာပို့ပေးမယ်။'

' အအေးပဲ လုပ်ပေး ဒေါ်လေး။'

' အေး အေး။'

လိန်ဖုန်း အိမ်ထဲက ပြန်ထွက်လာပြီး ခြံထဲမှာ ထိုင်ဖို့ လုပ်ထားတဲ့ နေရာကို လာခဲ့လိုက်သည်။

လိန်ဖုန်း ခြံထဲ ရောက်တော့ စာတွေ လုပ်နေတဲ့ ရိဖုန်းကို လှမ်းမြင်လိုက်ရသည်။

' ဟျောင့် ... စာ ကြိုးစားလှချည်လား။'

' လိန်ဖုန်း !!!!.
ဘာလာလုပ်တာလဲ။'

ရိဖုန်း အိမ်ထဲ မနေပဲ ခြံထဲမှာ အေးဆေး စာလုပ်နေတုန်း သူ့ဆီ ရောက်လာတဲ့ လိန်ဖုန်း ကြောင့် နည်းနည်းတော့ စိတ်ရှုပ်သွားရသည်။ ဒီကောင် သူ စာမလုပ်တိုင်း သူများကို လာနှောင့်ယှက်တော့မယ်။

' မင်း နိုင်ငံခြား သွားဖို့ သေချာသွားပြီဆို။ မနေ့က ဦးလေး ငါတို့အိမ် လာတော့ ပြောသံ ကြားလိုက်လို့။'

' ဟုတ်တယ်။ နောက်နှစ် သွားတော့မှာ။ ဘာလဲ ... မင်းကပါ လိုက်ချင်လို့လား။'

Falling in Fake  ( Completed )Where stories live. Discover now