Ep - 30

3K 185 2
                                    

ဝမ်အိမ်တွင် ......

' သား ကျန့်ကျန့် ဖြေးဖြေး။ ရုန်ရုန် ကို မားကို ပေးလိုက်မလား။'

' ရတယ် မား။ သားပဲ ချီ ထားလိုက်မယ်။'

ရှောင်းကျန့် ဒီနေ့တော့ ရိပေါ်က ကားကို အိမ်ရဲ့ ဆင်ဝင်ထိ မောင်းဝင်လာတာကြောင့် ကားပေါ်က ဆင်းတာနဲ့ အိမ် ဝင်ပေါက်ရဲ့ လှေခါးဆီ ရောက်တာပဲ ဖြစ်သည်။

' ဒါဆို ဝင် တော့ ပစ္စည်းတွေကို အိမ်က ကောင်မလေး ကို သယ် ခိုင်းလိုက်မယ်။'

' ထားလိုက် မား ပစ္စည်းက သားသား အဝတ်စားတွေ နဲ့ အသုံးအဆောင်တွေပဲ ဆိုတော့ သားပဲ သယ် သွားလိုက်မယ်။ ပြီးရင် နောက်ဆို သားသား ပစ္စည်းတွေကို သားပဲ လုပ်ပေးမယ်။ အိမ်က ကောင်မလေးတွေက တစ်ခါတစ်လေ လက်က မဆေးပဲ ဟိုကိုင် ဒီကိုင် ကိုင်ရင် မမြင်ရတဲ့ ရောဂါ ပိုးမွှားတွေ ကပ်ပါရင် ပါလာမှာ။'

ဝမ်မား အရမ်း အကဲပိုနေတဲ့ ရိပေါ် ကြောင့် ပြောစရာပင် မရှိတော့ပါ။ ကလေး ကိစ္စ သူပဲ လုပ်မယ်ဆိုတော့ သူတို့ကိုပါ ပေး မလုပ်ဘူး ဆိုတဲ့ သဘောလား။

အမလေးနော်.... ခုမှ ကလေးအဖေ ဖြစ်ရတာကို။ ဝမ်မား သူတို့ခေတ်ကဆို ယောက္ခမ နဲ့ လည်း အတူ မနေတော့ ခုလိုမျိုး ကလေး ကူ ထိန်းပေးမယ့် လူလည်း မရှိပါ။ အိမ် အကူတွေနဲ့ ထားရတဲ့ ချိန် ထားခဲ့ပြီး အလုပ်တွေ လုပ်ရတာပဲလေ။ အဲ့တုန်းကသာ ရိပေါ် ပြန်သိရင် သေပါ သေသွားမလားပဲ။

အခု သူ့ ကလေးကျမှ မြေ မထိ နေ မထိ လေ မထိ ဥ ထားချင်နေတာ။ ယောကျာ်းလေးမို့လို့သာပဲ သမီး မိန်းကလေး မွေးထားရင် သူ့သမီးကို တိုနေတာနဲ့ အိမ်ထဲက အိမ်ပြင်တောင် ပေးမထွက်မှာ မြင်ယောင်သေးတယ်။

' ကဲ .... ဒါဆိုလည်း သယ်ခဲ့။ မား ကျန့်ကျန့်ကို လိုက်ကြည့်အုံးမယ်။'

ဝမ်မား ကားပေါ်က ဆင်းသွားတဲ့ ရှောင်းကျန့် နောက် လိုက်ဆင်းသွားလိုက်သည်။

' သား ကျန့်ကျန့် ... အခန်းထဲ တစ်ခါတည်း မသွားဘူးလား။'

' အဲ့ .... အဲ့ ...... အဟင့် ...'

' ဟော .... ရုန်ရုန်က အသံ ထွက်လို့ပါလား။'

' သူ ငိုတော့မှာ မား။ အရှိန် ယူနေတာ။ သေးပေါက်ချ လိုက်ပြီ ထင်တယ်။

Falling in Fake  ( Completed )Where stories live. Discover now