Chapter (38) - မုန်တိုင်း အထွတ်ထိပ်ကာလ

1K 80 2
                                    

Chapter (38) - မုန်တိုင်း အထွတ်ထိပ်ကာလ


" ရင်သွေးတော်လေး ကို ပိုင်ဆိုင်တဲ့ နောင်တော်ကို ဂုဏ်ပြုပါတယ်... ဒီဟာက ညီတော်ရဲ့ တန်ဖိုးမရှိတဲ့ လက်ဆောင်လေးပါ... ကြင်ယာတော်ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး ကျန်းမာတဲ့ မင်းသားလေးကို မွေးပေးဖို့ စွမ်းအားရှိတယ်လို့ ကျွန်တော်တို့ လူမျိုးတွေ ယုံကြည်ကြတဲ့ ကျောက်လေးပါ... ကျေးဇူးပြုပြီး နောင်တော် လက်ခံပေးတော်မူပါ.. "

ချီထျန်းစူးသည် စစ်ထူဖေးယန် အတွက် လက်ဝတ်ရတနာကို ပေးအပ်ရင်း ပြောလိုက်သည်။ နောင်တော် အိမ်ရှေ့စံ၏မျက်နှာက ရင်သွေးတော် ရှိနေကြောင်း ကြားသိသော်လည်း သိပ်မပျော်သည့်ပုံပေါက်နေသဖြင့် ရင်သွေးလေး ရှောရှောရှုရှု မမွေးနိုင်မည်ကို စိုးရိမ်သောကြောင့်ဟု ထင်ပြီး ယခုလက်ဝတ်ရတနာကို ချက်ချင်း မိမိဆီကို ပို့ဆောင်ရန် ချီတိုင်းပြည်ကို လှမ်းပြောလိုက်ခြင်းဖြစ်သည်။

" ကျေးဇူးတင်ပါတယ် ညီတော်။ ညီတော်လည်း အမြန်ဆုံး ထီးညွန့်နန်းလျာပေး ပိုင်ဆိုင်နိုင်ပါစေ... "

ချင်းရှီဟွမ် က စိတ်အားထက်သန်ကာ မိမိကို လေးစားလွန်းသည့် ဘုရင်ငယ်လေး ချီထျန်းစူးကို ကျေးဇူးတင်စကားပြောကာ ပြန်လည်ဆုတောင်းပေးလိုက်သည်။ နှစ်ဦးသား စကားစမြည်ပြောနေစဉ် ယောက်ဖတော်ရောက်ရှိလာသည်။

" ယောက်ဖတော် စစ်သူကြီးရောက်ရှိလာကြောင်းပါ အရှင့်သား.... "

စစ်ထူရှန့်ယွီသည် အရှင့်သားထံရောက်တော့ ပျော်ရွှင်ရယ်မော စကား ပြောနေသည့် ချီကောင်စုတ်လေးကို တွေ့သော် ရင်ထဲ ဓါးနှင့်ခြစ်လိုက်သလို ခံစားလိုက်ရသည်။ လူသတ်ချင်စိတ်ကို မနည်းထိန်းကာ လူရွေးပွဲအကြောင်းကို လျှောက်လိုက်တော့ အရှင့်သားက ချီကောင်စုတ်လေးကို အရေးတယူ လှမ်းပြောလိုက်သဖြင့် ရင်ထဲ အောင့်သွားသည်။

" အတော်ပဲ။ နောင်တော်တို့ စစ်သည်တော်သစ်ရွေးချယ်ပွဲကို သွားကြတော့မလို့... ညီတော်လည်း လိုက်ခဲ့ပါလား။ ညီတော့်အမြင်လည်း နောင်တော် သိချင်တယ်.. "

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Where stories live. Discover now