(U/Z) Chapter (69)_ လှပသော ထောင်ချောက်ကလေး

582 29 2
                                    

(U/Z) Chapter (69)_ လှပသော ထောင်ချောက်ကလေး

တထန်မင်းဆက် 26 နှစ် ခုနှစ်လပိုင်း မီးထွန်းပွဲတော်တွင် ချင်းရှီဟွမ် မင်းကြီးသည် ကျင်းပြည်နှင့်တကွ ယန်ဇီမြစ် ယန်ဇီမြစ် အထက်ပိုင်း တွင် သြဇာအာဏာစက်ကို ခိုင်မြဲစွာ ဖြန့်ကျက်ထားနိုင်ခဲ့သည်။ စစ်ပွဲဒဏ်ခံခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးနှင့် လယ်ယာစိုက်ပျိုးရေး၊ကုန်သွယ်ရေး တို့ကို ပြန်လည်ကောင်းမွန်ရန်ပြုပြင်ခဲ့သည်။

ပြီးတော့ စစ်ချီခဲ့သည့် စစ်သည်တော်များနှင့် ကျင်းပြည်တွင် ကျန်ရစ်ခဲ့သည့် စစ်သည်တော်များ အတွက် ပျော်ပွဲရွှင်ပွဲသဘင်ကြီးကို ဆင်ယင်ကျင်းပပေး ခဲ့သည်။

ယန်ဇီမြစ် အထက်ပိုင်း တိုက်ပွဲတွင် ထိုက်ကျုံးအရှင် စစ်ထူရှန့်ယွီ ၏ သြဇာအာဏာက ပိုတိုးလာ ခဲ့သည်။ ယခုဆိုလျှင် ထိုက်ကျုံးအရှင် ဦးစီးသည့် နတ်ဆိုးစစ်တပ်မှ တပ်သားများ၊ စစ်သူကြီးများက မင်းကြီးထံမှ ရက်ရောသည့် ချီးမြှင့်မှုမျိုးစုံကို ရရှိကာ တပ်တော်များထဲတွင် လူတကာအားကျရသည့် စစ်တပ်တစ်ခု ဖြစ်လာချေပြီ။ ဒါပေမယ့် ထိုက်ကျုံးအရှင် ၏ နတ်ဆိုး တပ်တော်ထဲကို တော်ရုံလူဝင်နိုင်သည် မဟုတ်ပေ။ တိုက်ရဲသေရဲသည့် အပြင် ပေးအပ်သည့် အမိန့်ကို တသွေမတိမ်း နာခံတတ်သည့်နေရာတွင် ကျန်တပ်များ ပါးစပ် အဟောင်းသားဖြစ်ရလောက်အောင် တင်းကျပ်ပြင်းထန်လှသည်။

ချစ်ရသည့်လူက အင်အားကြီးလာသည်ကို သဘောကျကျေနပ်မိတာက ချင်းရှီဟွမ် မင်းကြီးဖြစ်သည်။

သူချစ်သည့် နောင်တော်သည့် သူနှင့်ထပ်တူ သြဇာအာဏာကြီးမားလာစေရမည်။ ဒီကျင်းပြည် ထီးနန်းကို သိမ်းပိုက်နိုင်တာကလည်း နောင်တော်ရဲ့ အသက်စွန့်တိုက်ခိုက်ပေးသည့် အချက်လည်း အဓိက ပါသည်။ တထန် လက်နက်နိုင်ငံတော်ကြီးကို အတူတူထူထောင်ကြပြီး ဒီအကျိုးကျေးဇူးကို အတူတူ ခံစားစေချင်သည်။ နောင်တော်သာမက မိမိနှင့်အတူ စစ်ချီခဲ့သည့် စစ်သည်တော်များလည်း သူတို့အားထုတ်မှုအတွက် ဆုလာဘ်များချီးမြှင့်ပေးသည်။

ယခု မိမိလက်အောက်တွင်ရောက်နေသည့် နယ်ပယ်တိုင်းအတွက် တူညီသော အလေးချိန်၊ တင်းတောင်းများကို သတ်မှတ်ကာ ဥပဒေ၊ စည်းမျဉ်းများကိုလည်း တသတ်မှတ်တည်းဖြစ်အောင် သတ်မှတ်သည်။ ဒါကြောင့် ချင်းရှီဟွမ် မင်းကြီး ပြန်ရောက်ကတည်းက လွှတ်တော်နှင့် ညီလာခံကိုခေါ်ယူကာ ထိုအရေးကို အမတ်ကြီးများနှင့် တိုင်ပင်ကာ စီစဉ်ဆောင်ရွက်ရသည်။

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Where stories live. Discover now