Chapter (49 ) - သူရဲကောင်း၏ ပိုင်စိုးလိုစိတ် (Zawgyi+Unicode)

724 49 1
                                    

Chapter (49 ) - သူရဲကောင်း၏ ပိုင်စိုးလိုစိတ် (Zawgyi+Unicode)


ဒီယိုဂိုဆွာရတ်သည် ကိုယ်ရံတော်မှုးချုပ် ရှန်ဝမ် ဦးစီးသည့် အမြောက်တပ်တွင် အထူးချွန်ဆုံး တပ်မှုးတစ်ဦးဖြစ်ခဲ့သည်။ ရှန်ဝမ် သည် အတိုက်အခိုက်တွင် လျင်မြန်ပေါ့ပါးပြီး ဖြတ်ထိုးဉာဏ်ကောင်းသဖြင့် သူ့ထက်အကောင်အထည်ကြီးသည့် စစ်သည်တော်များကိုပင် အလွယ်တကူလှဲသိပ်ချနိုင်သဖြင့် တပ်ထဲတွင် ထင်ရှားလာခဲ့သည်။ ဒီယိုဂိုက တိုက်ရည်ခိုက်ရည်တွင်သာမက အမြောက်လက်နက်များကို ကိုင်တွယ်ရာတွင်လည်း ကျွမ်းကျင်သဖြင့် ရှန်ဝမ် က ဒီလောက်တော့သည့် လူမျိုးခြားက ဘာကြောင့် အရှေ့တိုင်းတွင် လာရောက်နေထိုင်သည်ကို သိလိုသဖြင့် စစ်တပ်ထဲ ဒီယိုဂိုအကြောင်းကို စုံစမ်းသော်လည်း မည်သူမှ မည်မည်ရရ သိပ်မသိကြပေ။

ဖုန်ထူပြည်နယ် ဘုရင်ခံကိုမေးကြည့်သော် ဒီယိုဂိုက ချီတိုင်းပြည်တပ်တွင် အမှုထမ်းဖူးသည်ဟု ဆိုသဖြင့် ချီထျန်းစူး ထံ မေးမြန်းစုံစမ်းစေသောအခါ ဒီယိုဂိုက ပင်လယ်ထဲ သဘောၤပျက်ရာမှ ကုန်သည်များ ဆယ်ယူကယ်ထင်ခဲ့သည့် နယ်မြေသစ်ရှာ သဘောၤသားတစ်ဦးဖြစ်သည်ကို သိလိုက်ရသည်။ သူက ချီတိုင်းပြည်တပ်ထဲတွင် ကြေးစားစစ်သားအဖြစ် ဝင်ရောက်အမှုထမ်းပြီး နောက်ပိုင်း ခရီးလှည့်လည်သွား လာချင်သဖြင့် ထွက်လာပြီး ပြည်မြို့တွင် ဖုန်ထူပြည်နယ်ဘုရင်ခံမှ အမြောက်တပ်ကို ဖွဲ့စည်းဖို့လူရှာနေသည့်သတင်းကြောင့် ဝင်ရောက်အမှုထမ်းကြောင်း သိလိုက်ရသည်။

"ဘာတွေကို ဖတ်နေတာလဲ ရှန်ဝမ်ရဲ့... ကိုယ်တော် ဝင်လာတာတောင် အာရုံမရလောက်အောင်ဆိုတော့ ဘယ် နန်းတွင်းသူရဲ့ ချစ်သဝဏ်လွှာလဲ"

ရှန်ဝမ်က ရယ်မောလိုက်ပြီး အရှင်ကိုလှည့်ကာ ခါးကို သိမ်းဖက်ပြီး ပေါင်ပေါ် ဆွဲတင်လိုက်ပြီး လက်ထဲကစာချွန်တော်ကို အရှင့်လက်ထဲ ထည့်လိုက်သည်။ ချင်းရှီဟွမ် က စစ်ထူရှန့်ယွီ ပေးသည့် စာလွှာကို ဖတ်ကြည့်စဉ် စစ်ထူရှန့်ယွီ ၏ လက်များက အချိန်ရှိခိုက် လုံ့လစိုက်ပြီး အလုပ်များနေတော့သည်။

မုန်းမာန်ဖွဲ့ချစ်ခြင်း  (မုန်းမာန်ဖွဲ့ချစ်ခြင်း )Where stories live. Discover now