8.

91 8 5
                                    

■အခန်း(၈)■

"​​နောက်ဆုံး​မေးခွန်းက​တော့ ဦးအခရာဦးအ​နေနဲ့ ဘဝမှာ အ​ရေးကြီးဆုံးက ဘာများဖြစ်မလဲဗျ"

တစ်ဖက်က အင်တာဗျူးသူထံမှ ​ထွက်လာ​သော မထင်မှတ်ထားသည့်အ​မေးစကား​ကြောင့် အခရာ ခဏငြိမ်သွားမိသည် ။ အ​ရေးကြီးဆုံးတဲ့လား...
​မောင်အခရာဦး က​နေ ကိုအခရာဦး ၊ ကိုအခရာဦးက​နေ ​ဦးအခရာဦး ဖြစ်တဲ့အထိ သူ့ဘဝကို ဖြတ်သန်းလာခဲ့ပြီးတဲ့​နောက် သူ့မှာ အ​ရေးကြီးဆုံးအရာ တစ်ခုသာရှိပါ​​တော့သည် ။

"ကျွန်​​တော့်အတွက်အ​ရေးကြီးဆုံးက​တော့ ကျွန်​တော့်သမီး​လေးပါပဲ"

အိမ်​ထောင်ရှိသည်ဟု မကြားမိ​သော်လည်း သမီးတစ်​ယောက်ရှိသည်ဟု အမြဲထုတ်​ဖော်​ပြော​လေ့ရှိ​သော ဦးအခရာဦးသည် မြန်မာနိုင်ငံ၏စံပြဖခင်ဖြစ်လာသည် ။ သမီးဖြစ်သူ မဒ္ဒီဦးကလည်း soical media တွင် ​ကျော်ကြား​သော influencer တစ်ဦးဖြစ်​နေသည်​လေ ။

"ပါးပါး....မဒ္ဒီရင်​တွေတုန်​နေတယ်"

အထက်တန်း​ဖြေပြီးပြီဖြစ်​သော မဒ္ဒီဦးသည် သူဝါသနာပါ​သော စီးပွား​ရေးပညာရပ်ကို UK တွင် သင်ကြားဖို့ရာ ထွက်ခွာ​​တော့မည်ဖြစ်သည် ။

"ပါးပါးလည်း မကြာမကြာလာမှာပဲကို သမီးရယ်"

မဒ္ဒီဦးက နံရံတွင် တင့်တယ်စွာချိတ်ဆွဲထား​သော ​ဒေါ်​မေနွယ်ဦး၏ဓါတ်ပုံကို လက်အုပ်ချီကာ ဦးညွတ်၏ ။

"ဖွားဖွားကြီးသာရှိ​နေရင် သိပ်​ပျော်​နေမှာပဲ​နော်ပါးပါး"

​ဒေါ်​မေနွယ်ဦးသည် လွန်ခဲ့​သော ၂နှစ်ခန့်က လူကြီး​ရောဂါနှင့် ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး မဒ္ဒီက ​ဒေါ်​မေနွယ်ဦးလက်​ပေါ်မှာကြီးပြင်းလာရတာမို့ ​မြေးအဖွားနှစ်ဦးမှာ သံ​ယောဇဥ် အင်မတန်ကြီးသည် ။

"​လေယာဥ်ချိန် ​​နောက်ကျ​နေဦးမယ် ​လေဆိပ်သွားကြစို့​လေ"

"​ဖေ​ဖေ​ရော...မဒ္ဒီ့ကို လာ​တွေ့​လောက်လားဟင်"

ခပ်တိုးတိုး​မေးလာ​သောစကား​ကြောင့် အခရာ ရင်ထဲမ​ကောင်းဖြစ်ရသည် ။ စွန့်ပစ်ခံရ​သော က​လေးငယ်သည် သူ့အ​ဖေအ​​​ပေါ် နာကြဥ်းခြင်းမရှိ ။
အမြဲသတိရ​နေပြီး အမြဲ တဖွဖွ​​မေးတတ်သည် ။
စွန့်ပစ်ခဲ့သူဖခင်မှာ​တော့ ​နေနိုင်ရက်စွာပင် ယ​နေ့ထိတိုင် ​တိတ်တခိုး​လေး​တောင် ပေါ်လာခြင်းမရှိ ။

ရိုးသ ကို မုန်းတယ်...Where stories live. Discover now