5

237 14 0
                                    

Unicode

Fresher Welcome Day...

ဂျောင်ကုနဲ့ဟိုဆော့တို့ကတော့ ဒီနှစ် သီချင်းမဆိုတဲ့အတွက် ခန်းမထဲ၌ ယောင်လည်လည်သာဖြစ်နေကြသည်။

"Hyung တို့!"

ခပ်ဩဩအသံလေးနဲ့အတူ အနားကိုတစ်လှမ်းချင်းကြွကြွရွရွလျှောက်လာတဲ့ ကောင်လေး။ ဆံပင်အနက်တွေကိုလှိုင်းတွန့်ထားပြီး မျက်နှာပေါ် ခပ်အုပ်အုပ်ချထားသည်။ နဂိုရှိရင်းစွဲအလှကိုမှ မိတ်ကပ်အနည်းငယ်အကူအညီဖြင့် ပို၍ပင်ထင်ရှားတောက်ပနေသည်။ လျှောက်လာတဲ့လမ်းတစ်လျှောက် မောင...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ခပ်ဩဩအသံလေးနဲ့အတူ အနားကိုတစ်လှမ်းချင်းကြွကြွရွရွလျှောက်လာတဲ့ ကောင်လေး။ ဆံပင်အနက်တွေကိုလှိုင်းတွန့်ထားပြီး မျက်နှာပေါ် ခပ်အုပ်အုပ်ချထားသည်။ နဂိုရှိရင်းစွဲအလှကိုမှ မိတ်ကပ်အနည်းငယ်အကူအညီဖြင့် ပို၍ပင်ထင်ရှားတောက်ပနေသည်။ လျှောက်လာတဲ့လမ်းတစ်လျှောက် မောင်/မယ် အစုံတို့က မျက်စိတစ်ဆုံးလိုက်လံငေးကြည့်နေကြရလောက်အောင် လှပလွန်းတဲ့ကောင်လေး။

"ဪ! ထယ်ယောင်းပါလား! ဂျီမင်းရော?"

ဟိုဆော့စကားကြားမှ ဂျောင်ကုလည်းငေးနေရာကနေ အသိပြန်ဝင်လာပြီး မျက်နှာကိုတတ်နိုင်သမျှပိုပြီး တည်တင်းလိုက်ရသည်။

"ဟုတ်! ဂျီမင်းက ခဏနေရင်လာလိမ့်မယ်Hyung...သူ့သီချင်းဆိုတော့ နည်းနည်းစိတ်လှုပ်ရှားနေတယ်ထင်ပါရဲ့။ အခေါက်ခေါက်အခါခါကိုလေ့ကျင့်နေတော့တာ"
"ဟင်! ထယ်ယောင်းလည်းအတူတူရေးထားတာပဲမဟုတ်လား? စိတ်မလှုပ်ရှားဘူးလား?"
"အာ! မလှုပ်ရှားပါဘူး။ ဆိုနေကျပဲကို"
"အာ! ဟုတ်ပါပြီကွာ။ Hyung တို့တွေ စင်အောက်ကနေအားပေးနေမယ်နော်!"
"ဟုတ်ကဲ့ပါဗျ"

ဟိုဆော့နဲ့ထယ်ယောင်းသာ စကားတွေရေပက်မဝင်အောင်ပြောကြပေမယ့် ဂျောင်ကုကတော့ တစ်ခွန်းတစ်လေမှဝင်မပြော။ ထယ်ယောင်းကိုသာ တွေတွေကြီးစိုက်ကြည့်နေတော့သည်။

"ထယ်ထယ်!!!"

"ထယ်ထယ်!!!"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Hurtful LoveWhere stories live. Discover now