14

188 6 3
                                    

Unicode

"JK!  မင်းဒီနေ့ရော ထပ်ပြီးတော့လား?"
"ဒါပေါ့! ဂျွန်ဂျောင်ကုဘဝမှာ လက်လျှော့လိုက်တယ်ဆိုတာမရှိဘူး"

ဟိုဘီကသဘောတကျပြုံးရင်းနဲ့ပဲလှည့်ထွက်သွားတော့တယ်။ ကျွန်တော်ကတော့ ကျောင်းဂိတ်ဝမှာ ထယ့်ကိုစောင့်နေရင်းကျန်ခဲ့သည်ပေါ့။
ဟုတ်ပါတယ်...ကျွန်တော်ထယ့်ကို လက်မလွှတ်ခဲ့ဘူး။ ထယ့်ကကျွန်တော့်ကိုတွေ့တာနဲ့ ရှောင်ထွက်သွားတတ်တယ်။ ကျွန်တော်ကလည်း မရမကကိုလိုက်တွယ်ကပ်တာ။ ကျွန်တော့်ကြောင့်စိတ်အနှောက်အယှက်ဖြစ်နေမှန်းသိပေမယ့် ထယ်ကကျွန်တော့်ကို ပစ်ပစ်ခါခါတော့ တစ်ခါမှမလုပ်ဖူးသလို တခြားသူတွေအပေါ်ဆက်ဆံသလိုလည်း မခက်ထန်ဘူး။ ထယ့်အနားက ဟိုဘဲကြီးကလည်း ကျွန်တော့်ကိုပဲမနိုင်တော့လို့လား...နားပဲလည်သွားတာလားတော့မသိ ထယ့်အနားသိပ်မကပ်တော့ဘူး။ တစ်ချိန်လုံး ဟိုဘီအနားမှာပဲ စကားတပြောပြောနဲ့ရယ်။ မင်းယွန်းဂီ! အင်း! သူကတော့ ဂျီမင်းအနားမှာပဲတဝဲလည်လည်ပေါ့။ မိဘတွေချင်းကသဘောတူထားတာဆိုတော့ ဂျီမင်းအနားတရားဝင်ကပ်ခွင့်ရနေပြီလေ။ တစ်လောကလုံးကိုပတ်ချေနေတဲ့ မင်ယွန်းဂီ (ခေါ်) အမောင် Suga က Omega အကောင်ပေါက် ပါ့ခ်ဂျီမင်းဆီမှာ ပိုးစိုးပက်စက် အချေခံနေရတယ်ဆိုတာကတော့  တော်တော်လေးထူးဆန်းနေသလားပဲ။
ဒါပေမယ့်လည်း နားတော့လည်ပါတယ်...ကျွန်တော့်လို Play boy တောင် ထယ့်ဆီက အချစ်ကိုပြန်ရဖို့ အသေအလဲကြိုးစားနေရတာ ၃ လလောက်ရှိတော့မယ်လေ။ ကုမ္ပဏီကလည်းတစ်ဖက်မို့ အချိန်သိပ်မပေးနိုင်တာလည်း ပါချင်ပါမှာပေါ့။ ဘယ်သူ့ကိုကြိုက်ကြိုက် တစ်နာရီကြာအောင်မလိုက်ရတဲ့ ကျွန်တော်က ထယ့်ကို ၃ လလောက်လိုက်နေရတယ်လေ။ ဒါတောင် ဟိုအကောင်ပေါက်က ချေနေသေးတာ။ ထယ့်အနားမှာ ဂျီမင်းနဲ့ ဟို ဆိုးဂျွန်းဆိုတဲ့ကောင်ကအမြဲရှိနေကြသေးတာ။ ဒီနေ့လည်း ကျွန်တော် ထယ့်ကိုနှောက်ယှက်ခြင်းမမည်တဲ့ နှောက်ယှက်ခြင်းမျိုးနဲ့ တွယ်ကပ်ရဦးမှာပဲ။
ဟော! ပြောရင်းဆိုရင်း ဝင်လာပါပြီ ခရမ်းရောင်ပြိုင်ကားလေး!

"ထယ်!!!"

ကားပေါ်ကဆင်းလာလာချင်း ကျွန်တော့်နာမည်ခေါ်သံကြားရပြန်ပြီ။ လှည့်မကြည့်လည်းသိပါတယ် ဟိုလူဆိုတာ။ ကျွန်တော်က သူ့အတွက်တွေးပြီး ခပ်ခွာခွာနေပေမယ့် သူကတော့ တောက်တဲ့လိုပဲ။ အခုလည်း ကျောင်းထဲကို ကပ်ပြီးလိုက်လာပြန်ပြီ။ အနားမှာသူရှိတိုင်း ခုန်ပေါက်နေတတ်တဲ့ ဒီရင်ဘတ်ထဲကအကောင်ကို ကျွန်တော်ဘယ်လောက်တောင်ထိန်းထားရလဲဆိုတာ သူမသိဘူး။

Hurtful LoveWhere stories live. Discover now