9

196 10 3
                                    

Unicode

ဂျောင်ကုသူငယ်ချင်းတွေနဲ့ စာလုပ်ပြီး ပင်ပင်ပန်းပန်းနဲ့အိမ်ပြန်လာလာချင်း ကြားလိုက်ရသောစကားကြောင့် ဒေါသထွက်ကာ စိတ်များကအစိုးမရနိုင်တော့ပေ။

"မင်း ဘာတွေလာပြောနေတာလဲ ကင်မ်ထယ်ယောင်း??!!"
"ကျွန်တော်တို့ လက်ထပ်ကြရအောင်လို့လေ!"
"မင်းဘာအရူးထတာလဲ ကင်မ်ထယ်ယောင်း!!?!! ဒီကိစ္စကို ငါသေချာပေါက်ပြောခဲ့ပြီးပြီလေ မဖြစ်နိုင်ဘူးလို့!!!"
"ဒါဆိုကျွန်တော်တစ်ခုမေးမယ် ဖြေပေးမလား? စိတ်ထဲရှိတဲ့အတိုင်း!"

ထယ်ယောင်းမေးလိုက်တော့ 'ရှုပ်တယ်' ဆိုတဲ့သဘောနဲ့ စုတ်တစ်ချက်သက်ရင်း မေးငေါ့ကာ 'မြန်မြန်မေး' ဟူသောအကြည့်ဖြင့်။

"ကျွန်တော်နဲ့ လက်မထပ်ရင် သေရမယ်ဆိုရင်ရော?? Hyung လက်မထပ်ပဲနေမှာပဲလား???"

ထယ်ယောင်းအမေးကြောင့် ဂျောင်ကု ဒေါသထွက်စွာ ထယ်ယောင်းမျက်နှာကိုလှည့်ကြည့်လိုက်တဲ့အခါ ထွက်နေတဲ့ဒေါသများပျောက်သွားပြီး အာရုံများ ထွေပြားလာရသည်။
ချိန်းခြောက်တယ်ထင်လို့ စိတ်တိုပြီးတစ်ခုခုလုပ်မလို့စဉ်းစားလိုက်ပေမယ့် သူ့ကိုကြည့်နေတဲ့ ကင်မ်ထယ်ယောင်းရဲ့မျက်ဝန်းတွေက အသနားခံနေသလိုလို၊ နာကျင်ဝမ်းနည်းနေသလိုလို။ ချိန်းခြောက်တဲ့စကားကို ဒီလိုမျက်နှာထားနဲ့ပြောစရာလိုလို့လား?? သနားနေရုံနဲ့လည်းမပြီးသေးဘူး၊ နားလည်အောင် သေချာရှင်းပြမှဖြစ်တော့မယ်။

"ဒီမှာ ကင်မ်ထယ်ယောင်း! ငါမင်းကိုလုံးဝမချစ်ဘူး။ မင်းကိုမုန်းတယ်။ ကိုယ်မုန်းတဲ့သူနဲ့သာ အတူနေရရင် ငါ့ဘဝကရှင်လျှက်နဲ့ သေသလိုဖြစ်နေမှာပဲ! ဒါကြောင့် အဲ့ဒီလိုရှင်လျှက်နဲ့သေမယ့်အစားတော့ တစ်ခါတည်းသေပစ်လိုက်တာ မကောင်းဘူးလား?? မင်းငါ့အပေါ်ချစ်တာသိတယ်။ မင်းလည်း မင်းချစ်တဲ့လူကိုအနားမှာရှိစေချင်မယ်ဆိုတာ နားလည်တယ်။ ဒါပေမယ့် ငါမှမင်းကိုမချစ်ပဲ ကင်မ်ထယ်ယောင်းရယ်။ မင်းတစ်ယောက်တည်းပျော်ပြီး ငါစိတ်ဆင်းရဲနေရမယ်ဆိုရင်ရော မင်းဆက်ပျော်နိုင်ပါ့မလား? ဘာပဲဖြစ်ဖြစ် ငါက မင်းချစ်ရတဲ့သူလေ"

ဂျောင်ကုရဲ့ရှင်းပြချက်အဆုံးမှာ ထယ်ယောင်းမျက်နှာ သိသိသာသာပျက်ယွင်းသွားရသည်။
ကျွန်တော့်ကိုအဲ့ဒီလောက်တောင်ပဲမုန်းနေရသလား ခများရယ်...ကျွန်တော့်ကိုယူမယ့်အစား သေပစ်လိုက်မယ်တဲ့လား?? ခများမသိသေးတာက အဲ့ဒီလိုနဲ့ တကယ်သေသွားနိုင်တယ်ဆိုတာပဲ။ မဖြစ်ဘူး!!! ခများကတော့ ဘာမှဖြစ်လို့လို့မရဘူး။ ရှင်ရက်နဲ့လည်းမသေစေချင်သလို တကယ်လည်းမသေစေချင်ဘူး။ ကျွန်တော့်လိုဘာမှမရှိတဲ့ကောင်ကသေသွားလည်းကိစ္စမရှိပေမယ့် ဆုံးရှုံးစရာတွေများတဲ့ ခများကိုတော့ မထိခိုက်စေချင်ဘူး။ အတူရှိနေရရင်လည်း ကျွန်တော်ပျော်မှာမဟုတ်ဘူးဆိုတာကိုတော့ ခများကိုပြောမပြတော့ပါဘူး။

Hurtful LoveWhere stories live. Discover now