13

210 8 2
                                    

Unicode

ဆေးရုံတက်နေတဲ့နေ့တိုင်းလည်း ဖေဖေဆိုတဲ့လူကြီးနဲ့ သူ့အနားအမြဲကပ်နေတဲ့ ပါ့ခ်ဆိုးဂျွန်းဆိုတဲ့လူကအမြဲရောက်လာတယ်။ ဂျီမင်းကတော့ ပြောစရာမလိုအောင် အချိန်ပြည့်အနားမှာပေါ့။ ဒါပေမယ့် စိတ်က ဘာကိုအလိုမကျလို့မကျမှန်းမသိ။ အဲ့ဒီနှုတ်ခမ်းအောက်ကမှဲ့နဲ့လူကိုပဲ လိုက်ရှာနေမိတယ်။ ဒါပေမယ့်လည်း ဆေးရုံဆင်းတဲ့အထိ အရိပ်အရောင်တောင်မတွေ့ခဲ့ရပါဘူး။ သူတင်မဟုတ် တက္ကသိုလ်မှာခင်တယ်ဆိုတဲ့လူတွေလည်း တစ်ယောက်မှရောက်မလာခဲ့ပါဘူး။ ထားပါ....ကိုယ့်လိုလူကိုခင်တယ်ဆိုတည်းက အံ့ဩနေရတာ။ နောက်ဆုံးထားခဲ့ကြတာပဲလေ။
ဆေးရုံဆင်းတော့လည်း အရင်အိမ်မှာပဲပြန်နေခဲ့တယ်။ အဖေပြောင်းသွားတာကလွဲရင်အကုန်ပုံမှန်ပါပဲ။ နမ်ဂျွန်းဟျောင်းတို့ကလည်း ပုံမှန်အတိုင်းပဲရှိနေတယ်။ ကင်မ်ဂျုံဟွမ်းကိုတော့ အဖေအရင်းမဟုတ်ဘူးဆိုတာရော၊ မေမေ့ကိုသတ်ခဲ့တယ်ဆိုတာရောသိပြီးတည်းက လုံးဝကိုခေါင်းထဲကထုတ်ပစ်လိုက်တယ်။ ဒါပေမယ့်လည်း စောက်မှတ်မရှိတဲ့ နှလုံးသားဟာ မုန်းမရနေခဲ့ဘူး။ တစ်ချိန်က သိပ်ကိုချစ်ရတဲ့ အဖေပဲလေ။
အခုနောက်ပိုင်းစီးပွားရေးတွေကို ဖေဖေအသစ်နဲ့ နမ်ဂျွန်းဟျောင်းကဆက်လုပ်တယ်လေ။ အခုဆို ကျွန်တော်တို့ K group က No.1 တောင်ချိတ်လာခဲ့ပြီ။ အရင်က No.1 ဖြစ်တဲ့ Jeon group က​တော့ ရှယ်ယာဈေးတွေဒီလောက်ကျပြီး အခြေအနေယိမ်းယိုင်သွားတာတောင် No.2 နေရာမှာရပ်တည်နေတုန်း။ အခြေအနေတွေကိုအမြန်ထိန်းလိုက်နိုင်တာကလည်း CEO jeon ရဲ့ တစ်ဦးတည်းသောသား Jeon Jungkook ဆိုတဲ့လူကြောင့်ပေါ့ဗျာ။ သေချာတာကတော့ ဒီလူ့အရည်အချင်းနဲ့ဆို သိပ်မကြာခင် No.1 ကိုပြန်ချိတ်လာနိုင်လိမ့်မယ်။ ပြောမယ့်သာပြောတယ် အဲ့ဒီနှုတ်ခမ်းအောက်ကမှဲ့နဲ့လူက တကယ်အရည်အချင်းရှိတဲ့လူပဲဗျ။
ဒါနဲ့!! ကျွန်တော့်ရဲ့ ဒိုင်ယာရီလေးပျောက်ခြင်းမလှပျောက်နေခဲ့တယ်။ ဘယ်မှာများကျန်ခဲ့ပါလိမ့်! လိုက်မေးရအောင်လည်း အဲ့ဒီစာအုပ်အကြောင်းသိတာ မေမေနဲ့ ဂျီမင်းပဲရှိတာလေ။ ဂျီမင်းကတော့ မသိဘူးလို့ပြောတာပဲ။ မေမေ့ကိုမေးဖို့ကျတော့လည်း.....

Hurtful LoveWhere stories live. Discover now