8

203 12 1
                                    

Unicode

ထယ်ယောင်းတစ်ယောက် ဂျောင်ကုမွေးနေ့အတွက် လက်ဆောင်ပေးရန် သဲနာရီလေးကို ကိုယ်တိုင်သေချာထုတ်ပိုးပြီး တက်ကြွသောခြေလှမ်းများဖြင့် ကျောင်းဝန်းထဲဝင်လာခဲ့သည်။ ကျောင်းဝန်းထဲခြေချရုံရှိသေး မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ရင်ဝကစူးကနဲ။
အခုဘာကိုမြင်လိုက်၊ ကြားလိုက်ရတာလဲ?? Hyungက ဂျီမင်းကို....ဒါဆို Hyungရဲ့ချစ်ရသူဆိုတာက?
ဒီတစ်ကြိမ် ခများပစ်လိုက်တဲ့မြှားက ကျွန်တော့်ရင်ဝကို တည့်တည့်ကြီးကို စိုက်ဝင်လာတာကြောင့် လက်ထဲမှ သဲနာရီလည်း လွတ်ကျကာအစိတ်စိတ်အမွှာမွှာ။ တစ်စုံတစ်ခုကျကွဲသံကြားမှ အလန့်တကြားလှည့်ကြည့်လာတဲ့ ဂျီမင်းနဲ့ ပကတိအေးစက်စက်ဖြင့် ဘာမထီမျက်ဝန်းများနဲ့ ခများ။ မဟုတ်ဘူး! ကျွန်တော်ရှိနေမှန်း ကြိုသိထားတဲ့ မျက်ဝန်းတွေနဲ့ ခများဆို ပိုမှန်လိမ့်မယ်။

"ထယ်ထယ်!!!"

အနားကိုချက်ချင်းပြေးလာတဲ့ဂျီမင်းက တရစက်ဖြေရှင်းချက်တွေပေးတော့မယ်ဆိုတာကိုသိတယ်။ ကျွန်တော်ဂျီမင်းကို စိတ်မဆိုးပါဘူး။ ကျွန်တော် Hyungကြောင့် နာကျင်သွားရုံပါ။
ဂျီမင်းစကားတွေကိုလည်း နားမထောင်နိုင်တော့သလို Hyungရဲ့အကြည့်တွေကိုလည်း မခံစားနိုင်တော့တဲ့အဆုံး ကျွန်တော်ပြေးထွက်ခဲ့တယ်။ အနောက်က ဂျီမင်းရဲ့ ခေါ်သံတွေကိုလည်း လျစ်လျှူရှုခဲ့တယ်။ သေချာတာကတော့ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းလေး အနောက်မှာ ငိုနေတော့မယ်ဆိုတာ သိတယ်။ ဒါပေမယ့်လည်း ခြေလှမ်းတွေကိုမရပ်တန့်နိုင်ဘူး။ ကျွန်တော်စိတ်ဆိုးပြီးထွက်လာတာမဟုတ်ဘူး...ကျွန်တော်နာကျင်လွန်းလို့သာထွက်လာတာ။ ဂျီမင်းငိုနေလည်း Hyungကနှစ်သိမ့်ပေးမယ်မဟုတ်လား? ခများရဲ့ချစ်ရတဲ့သူပဲလေ! တွေးနေရင်းနဲ့ပဲ ပါးပြင်ပေါ်စီးဆင်းလာတဲ့ အရည်တချို့။ လက်ဖမိုးနဲ့ ခပ်ပြင်းပြင်းသုတ်ချပြီး ဝေးနိုင်သမျှ ဝေးဝေးသာလျှောက်လာလိုက်တယ်။ ဒါပထမဦးဆုံးအကြိမ် ဂျီမင်းကိုလျစ်လျှူရှုဖူးခြင်းဖြစ်လိမ့်မယ်။

ခြေဦးတည့်ရာသွားရင်း ဘယ်ရောက်လို့ရောက်နေမှန်းမသိတဲ့အချိန်မှာ အရှေ့တည့်တည့်မှလာနေသောကားတစ်စီးကိုထယ်ယောင်းမမြင်နိုင်တော့ပေ။ မျက်ရည်များဖြင့်ပြည့်လျှံနေသော မျက်ဝန်းတစ်စုံက ဘယ်အရာကိုမှမမြင်နိုင်တော့တာပါ။ ကားဟွန်းတီးသံအကျယ်ကြီးကြားမှ အသိပြန်ဝင်ကာ ခေါင်းမော့ကြည့်တော့ ရှောင်ရင်မလွတ်နိုင်တော့တဲ့အခြေအနေမို့ မျက်စိမှိတ်ရင်းသာ နာကျင်မှုကိုစောင့်နေလိုက်တော့တယ်။ ကျွန်တော်အခုချိန်သေသွားခဲ့ရင် ခများပျော်နေလောက်မလား? ဟင့်အင်း! သေချာပေါက်ပျော်နေမှာပါ။

Hurtful LoveWhere stories live. Discover now