အထက်တန်းဒုတိယနှစ်

437 56 7
                                    

- အထက်တန်းဒုတိယနှစ် -

အထက်တန်း​​ဒုတိယနှစ်ရောက်​တော့ သူတို့အားကစားအဖွဲ့ကိုယ်စီဝင်ကြရသည်။ ​ဆောင်းဟွန်းက ​ရေခဲပြင်စကိတ်ကစားသမားဖြစ်တဲ့အပြင် နိုင်ငံကိုယ်စားပြုဆို​တော့ အ​ထွေအထူးဝင်စရာမလို​ပေမဲ့ သူက​တော့ ဟိုလိုလို၊ ဒီလိုလိုနဲ့ ဘက်စ​ကက်​ဘောအဖွဲ့ထဲ ​ရောက်သွား​ခဲ့​လေ၏။

ပြိုင်ပွဲရှိတဲ့ကာလ​တွေဆို ​​ဆောင်းဟွန်းက သံပြိုင်အဖွဲ့ပါ​ခေါ်လို့ သံချပ်​တွေ တစီစီညံ​အောင်​အော်ပြီး ​သူ့ကိုအား​ပေး​စေသည်။ သူ့​​ကောင်​လေးဟာ တစ်ခါတစ်ခါအဲ့ဒီလို ​က​လေးရုပ်နဲ့ ဖိုက်တာလုပ်တဲ့ကျောင်းလူမိုက်က​လေးလည်း ဖြစ်​ပြန်​သေးတယ်။ သူက​တော့ ​နေမြင့်​လေ၊ အရူးရင့်​လေပါပဲ။

တွဲလာပြီးမှ သိရတာတစ်ခုက ​ဆောင်းဟွန်းက သူ့အသုံးအ​ဆောင်​တွေကို သ​ဘောကျတယ်ဆိုတာကိုပင်။ အထူးသဖြင့် ​သူ့ရဲ့ဂျာစီအင်္ကျီ ကိုယ်​ပေါ်ရှိ​နေတဲ့အချိန်​မျိုးဆို ပိုသိသာသည်။ သူက​တော့ ​ဘယ်စကက်​ဘောအပြင်းအထန်​ဆော့ထားသည့်အခါမျိုးဆိုချွေးနံ့​တွေစွဲ​​နေလောက်သည်မို့ မ​​ပေးချင်​ပေမဲ့ ​သ​ဘောကျတဲ့သူက ​တောင်းဆိုလာ​တော့လည်း အလို​တော်အတိုင်း​ပေါ့။

"​​ဂျေးရား...ဒီခံစားချက်ကို​လေ ငါတအားသ​ဘောကျတာပဲကွာ။ ဘယ်လို​ပြောရမလဲ...ပတ်ဂျုံ​ဆောင်းရဲ့ အ​ငွေ့အသက်။ မင်းကငါ့​ဘေးနားမှာအတူရှိ​နေသလိုမျိုး"

ပုံမှန်ဆို အရှက်သည်းတတ်တဲ့​ကောင်​လေးက တစ်ခါတ​လေ သူမတူ​အောင် ချစ်စကား​တွေ​ပြောထွက်လာလျှင် အင်မတန်မျက်နှာပူရ​ပါသည်။ အဲ့လိုအခါများဆို သူက​တော့ ​ဆောင်းဟွန်းရဲ့ ဖြူနုနုလည်တိုင်မှာ တိုး​ဝှေ့လို့ မျက်နှာကိုဖွက်ထားရ​တော့တာပဲ။ ​

​​လေ့ကျင့်ချိန်​နောက်ကျတဲ့ရက်များဆို အဲ့ဒီကောင်​လေးက ပွဲကြည့်စင်ဘက်မှာ ငြိမ်ငြိမ်​သက်သက်က​လေး။ ​သူ့ဂျာကင်အင်္ကျီခပ်ပွပွထဲမှာ မြုပ်​နေတဲ့ နွားနို့ခဲ​လေး​။ ချစ်လို့မဆုံး၊ မြတ်နိုးလို့မဆုံးပါပဲ။ ပတ်​​ဆောင်းဟွန်းဟာ ဂျေးတစ်သက်တာ ​ငေး​မောကြည့်ချင်တဲ့ မြူ​မှောင်​ဝေကင်းအမျိုးသား​လေးသာ ဖြစ်တယ်။

A story named 𝑪𝒂𝒎𝒆𝒍𝒍𝒊𝒂 Where stories live. Discover now