အချစ်ဆူး

407 55 0
                                    

အထက်တန်းပြီး​​နေ့ရက်​တွေက သာမန်ရိုးကျနည်းနဲ့ လည်ပတ်လျက်ပဲ။ တစ်​နေ့တစ်​နေ့ မရိုးနိုင်တဲ့ အ​ကြောင်းပြချက်မျိုးစုံနဲ့​တွေ့လို့ အီထယ်ဝန်ရဲ့ လမ်း​​တွေ​ပေါ်မှာ အချိန်ဖြုန်းတယ်။ မလုပ်ဖူးတဲ့ အသစ်အဆန်း​တွေ စုံ​အောင်လုပ်ရင်း ဗရုတ်ကျကြတယ်။

​ဆိုဂျူနဲ့မက်ဂျူကို ​စမ်းပြီးရော​​သောက်မိတဲ့အခါ အိမ်ပြန်လမ်း​ပျောက်​နေတာမျိုး၊ ကလပ်သွားတဲ့အခါ မူးမူးနဲ့​ကွေး​​နေအောင်ကရင်း ရန်ပွဲထဲ​ရောက်သွားတာမျိုး​၊ အ​ဒေါ်ကြီးရှင်းရဲ့ဆိုင်မှာ သုံးထပ်သား​တွေအားရပါးရစားပြီးကာမှ ပိုက်ဆံမပါလို့ ​သူ့လက်ကိုဆွဲပြီး ထွက်​ပြေးတာမျိုး​​တွေပေါ့။ အီထယ်ဝန်ရဲ့ ည​စျေးတန်းတစ်​လျှောက်မှာ သူတို့နှစ်​ယောက်ရယ်သံ​တွေနဲ့ပြည့်လို့။

ရုပ်ရှင်ရုံသွားတဲ့အခါ ရုံထဲကလေ​​အေး​ပေးစက်​ကိုအ​ကြောင်းပြလို့ လက်ဖျား​လေး​တွေကိုဆုပ်ကိုင်ရတာက ရင်ခုန်မှု​ဖြစ်သလို အနမ်းဇာတ်ဝင်ခန်း​တွေ​လာတဲ့အခါ ရဲတက်လာတဲ့ ​ဆောင်းဟွန်းရဲ့ပါးနုနုကို ​​ဂျေးနှုတ်ခမ်းပါးပါးနဲ့ တို့ထိကျီစယ်ရတာကလည်း နိဗ္ဗာန်ပါပဲ။

---------

​သာသာယာယာ​​နေ့ရက်​တွေရဲ့ ပျက်စီးကိန်းအစက ​​မာမီ သူစိမ်း​ယောက်ျားတစ်​ယောက်ကို အိမ်​ခေါ်လာတဲ့​နေ့က ဖြစ်သည်။ ဒယ်ဒီနဲ့မာမီရဲ့အိမ်​ထောင်​ရေးအဆင်မ​ပြေတာသိ​ပေမဲ့လည်း သူအဲ့​လောက်ထိ​တော့ မထင်ထားခဲ့​ပေ။ ​ဂျေးကို ချစ်လွန်းတဲ့ဒယ်ဒီက​တော့ ​ရွေးချယ်ခွင့်​ပေးခဲ့သည်။ အ​မေရိကန်ကိုပြန်လာမလား။ မာမီနဲ့အတူ ကိုရီးယားမှာ ဆက်​နေမလား​ပေါ့။

မာမီ့ရဲ့ ​နောက်အိမ်​ထောင်ဟာ ​ဂျေးထက်ငါးနှစ်ငယ်တဲ့ ညီမ​​လေးတစ်​ယောက်နဲ့။ ​​​​​ပျော်ရွှင်စရာမိသားစုက​လေးတည်​​ဆောက်​မဲ့မာမီ့အစား ​ဂျေးက​တော့ ဒယ်ဒီ့ကို​ရွေးချယ်ခဲ့တယ်။

----------

အချိန်​တွေက လျင်လျင်မြန်မြန်ပဲကုန်ဆုံးတယ်။ အသက်​မွေးဝမ်း​ကျောင်းအလုပ်ကို အနုပညာရှင်လုပ်ဖို့ ကတိ​​တွေအတူထားခဲ့ဖူး​ပေမဲ့လည်း ​ဂျေးက ​ဆေး​ကျောင်းကို​ရွေးချယ်ခဲ့ရပြီး​ ​ဆောင်းဟွန်းက​တော့ စီးပွား​ရေး​ကျောင်းသားဖြစ်လာခဲ့တယ်။

A story named 𝑪𝒂𝒎𝒆𝒍𝒍𝒊𝒂 Where stories live. Discover now