- အထက်တန်းနောက်ဆုံးနှစ် -
အတန်းဖော်ကနေ လက်တွဲဖော်အဆင့်ဆီကို ကူးပြောင်းပြီးနောက်ပိုင်း နေ့ရက်တွေက သာမန်ထက်ချိုမြိန်တာတော့ အမှန်ပဲ။ မနက်ခင်းတွေကလွဲလို့ပေါ့။ မနက်တိုင်းကျောင်းသွားတဲ့အခါ ယူနီဖောင်းအပြည့်အစုံမဝတ်တတ်တဲ့ဆောင်းဟွန်းကို သူ့မှာ အမြဲလိုလိုဆူပူရသည်။
"ပတ်ဆောင်းဟွန်း!! လည်စည်းကဘယ်မှာကျန်ခဲ့တာတုန်း!! ကြည့်ဦး...ကြည့်ဦး။ လူကဖရိုဖရဲနဲ့"
"အသစ်ရောက်တဲ့ ကာယဆရာက ဒဏ်ပေးကြမ်းတာသိရဲ့သားနဲ့ကွာ။ မနေ့က အခန်း(၅)က ဟိုတရုတ်ကောင်လေ...လင်းဘာဆိုလား။ အဲ့ကောင်ယူနီဖောင်းမဝတ်လာလို့ ဆယ်ပတ်တောင်ပြေးလိုက်ရတာတဲ့"
"မင်းကောင်လေးက အားကစားသမားပါကွ!! ဒီလောက်ကတော့အပျော့ပဲ"
"အေး။ မင်းကပြေးနိုင်ပေမဲ့ ငါကမကြည့်ရက်သလို အဲ့လောက်လည်း လိုက်မပြေးနိုင်ဘူးဟ!!"
"ဂျေးရား...ပွစိပွစိနဲ့ မင်းကငါ့အမေလားကွာ"
ဆောင်းဟွန်းကတစ်ခါတလေ မထင်ထားလောက်အောင်ခေါင်းမာလွန်းလှ၏။ အဲ့နေ့က ပြောမရတဲ့လူဆိုးကောင်က ကာယဆရာ၏ ကွင်းကိုဆယ့်ငါးပတ်ပြေးဖို့ ဒဏ်ပေးခြင်းကို ခံလိုက်ရသည်။ နောက်ဆုံးတော့လည်း မနေနိိုင်တဲ့သူကပါ ပါလာတဲ့လည်စည်းကိုအမှိုက်ပုံးထဲပစ်လို့ အတူပြေးရတာပါပဲ။
စည်းကမ်းဖောက်တာတွေများလာတော့ အမေရိကန်မှာတုန်းက စံပြကျောင်းသားဖြစ်ခဲ့တယ်ဆိုတဲ့ ဂျေးကို ဆရာမတွေက အံ့သြဘနန်းတွေဖြစ်လို့။ အထက်တန်းနောက်ဆုံးနှစ်မှာကျောင်းရဲ့လူဆိုးလေးဂုဏ်ပုဒ်ကို ဂျေးက ဆောင်းဟွန်းလက်ကိုတွဲလို့ ပျော်ပျော်ကြီးခံယူတယ်။
ကျောင်းအုပ်ဆရာကြီးရုံးခန်းမှာ တစ်ယောက်မျက်နှာတစ်ယောက်ခိုးကြည့်လို့ ရီချင်တာကို အောင့်အီးလို့ အဆူခံရတာက ပျော်ရွှင်မှုတွေဖြစ်ပြီးတော့ အီထယ်ဝန်ရဲ့လမ်းမပေါ်က ခြေရာတွေက ချစ်ခြင်းရဲ့သက်သေတွေ ဖြစ်တယ်။
YOU ARE READING
A story named 𝑪𝒂𝒎𝒆𝒍𝒍𝒊𝒂
Fanfictionအတိတ်စာမျက်နှာတွေကို ပြန်လှန်ကြည့်တဲ့အခါ.. -JAYHOON Fanfiction -Written in Burmese (Unicode Only)