Part 4💕

193 29 10
                                    

~Uni~

"ဒီနေ့လည်းပင်ပင်ပန်းပန်းကျောင်းတက်ရက်
တစ်ရက်ကုန်သွားပြီ..
ပင်ပန်းလိုက်တာ.."

ကျောင်းဝန်းထဲကနေထွက်ထွက်လာချင်း
မှောက်အိပ်ထားတဲ့အတွက်
တောင့်တင်းနေတဲ့အကြောတွေကိုဖြေလျှော့ရင်း
ဂျီမင်းပင်ပန်းစွာငြီးငြူလိုက်သည်။
ပင်ပန်းနေသော်လည်း သဘက်ခါကျောင်းပိတ်ရက်ဆိုတာကို
သတိရသွားတာကြောင့် ပင်ပန်းနေတဲ့စိတ်လေး
ပြန်လည်ပျော်ရွှင်လာရသည်။
ကျောင်းတက်ဖို့ကိုတစ်ရက်ဘဲကျန်တော့သည်လေ။

"တအားတွေပင်ပန်းနေတယ်ပေါ့ ဟမ်..
ညကြမှငါနှိပ်ပေးမယ်.."

လက်တွေကိုဆန့်ထုတ်ကာ
ခါးတွေကော့နေတဲ့အထိအကြောဖြေနေတဲ့ဂျီမင်းကိုကြည့်ရင်း
ဂျောင်ဂုပြောမိလိုက်သည်။

"တကယ်ပြောတာလား..
OK တကယ်နှိပ်ပေးနော်
ငါကမင်းနှိပ်ပေးမှတကယ်ကိုအကြောတွေပြေတာ"

"လုပ်ပေးချင်လာအောင်ပြောမနေနဲ့။
မပြောပေးလည်းလုပ်ပေးမှာပါ"

"အေးပါ အေးပါ"

"ဒီနေ့ညမုန့်သွားစားမယ်ဆို
ဘာစားချင်လို့လဲ"

"ခေါက်ဆွဲပြုတ်ဘဲသွားစားကြမလား..
ဆိုဂျူလေးရောလေ"

မျှော်လင့်ချက်တွေပြည့်နေတဲ့မျက်လုံးလေးတွေနဲ့
တောင်းဆိုနေတဲ့ပုံလေးကို
ဂျောင်ဂုစိတ်ထဲအသည်းယားမိနေသည်။
ပတ်ခ်ဂျီမင်း ဘာလုပ်လုပ်အသည်းယားမိနေတာအမြဲ။

"အသက်ကမပြည့်သေးဘူး
အဲ့ဟာတွေကသောက်ချင်နေပြီလား
မသောက်ဘူး။
ခေါက်ဆွဲပြုတ်စားမယ်ဆိုတာကိုတော့ လက်ခံတယ်"

"အသက်ပြည့်ရင်ပေးသောက်မယ်မလား"

"ငါကိုယ်တိုင်ဆိုင်ထိလိုက်ပို့ပေးမယ်"

"သဘောတူတယ် "

နှစ်ယောက်သားသဘောတူညီချက်ဖြင့်
ဘယ်မှဝေးဝေးလံလံမသွားတော့ဘဲ
ဂျောင်ဂုတို့လမ်းထိပ်ကစတိုးဆိုင်မှာဘဲ
စားသောက်ကြရန်ဆုံးဖြတ်လိုက်ကြသည်။
အရင်ဆုံးအိမ်သို့သာတန်းတန်းမတ်မတ်ပြန်လာခဲ့ပြီး
အဝတ်အစားလဲကာလမ်းထိပ်ဆီသို့
နှစ်ယောက်သားတက်ညီလက်ညီထွက်လာခဲ့ကြသည်။

𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫:𝐅𝐨𝐫𝐞𝐯𝐞𝐫Where stories live. Discover now