Part 7💕

206 26 12
                                    

~Uni~

မောလာတာကြောင့်အိမ်ပြန်ရောက်တာနဲ့
မီးဖိုခန်းထဲပြေးဝင်သွားကာ
ရေခဲသေတ္တာထဲမှာရှိနေတဲ့
ရေပုလင်းကိုယူကာတစ်ခါထဲဝအောင်သောက်ပစ်လိုက်သည်။
အနောက်ကနေလိုက်ဝင်လာတဲ့ ဂျောင်ဂုအား
လက်ထဲမှာကျန်နေသေးတဲ့ရေဘူးကို ပစ်ပေးလိုက်သည်။

"ဘာလို့အဲ့လောက်အလောတကြီးပြေးဝင်သွားတာလဲ"

ရေသောက်ကာအနားယူနေရင်းနဲ့မှ
ဂျောင်ဂုဘက်ကမျက်မှောင်ကြီးကြုတ်ကာပြောလာခြင်း။

"မောလို့"

"ငါ့ကျောပေါ်ကလဲ လိုက်သေးတယ်။
မောတယ် ဟုတ်လား ပြန်ပြောကြည့်စမ်း"

"စိတ်မောတာ စိတ် စိတ်..
အကျင့်မရှိတာကြာပြီလေ
မင်းကျောပေါ်လိုက်နေရုံနဲ့မပင်ပန်းဘူးထင်လို့လား။
ပြီးတော့ငါကအများကြီးထွားလာတာကို။
အဲ့တော့ငါ့ငါထိန်းရသေးတယ်လေ"

ခွီးးးး

ဂျောင်ဂုဟန်မဆောင်နိုင်စွာပင် ရယ်ချမိတော့သည်။
ဘယ်လိုတွေတောင်ပြောချလိုက်တာ
အများကြီးထွားလာတယ်တဲ့ ထွားတော့ထွားလာပါတယ်
သေးသေးလေးပဲထွားလာတာပါ။
ဂျီမင်းကိုအားတိုင်း လစ်ခနဲ လစ်ခနဲပွေ့ချီတတ်သောကြောင့်
ဝိတ်တက်မတက်ကိုဂျောင်ဂုခန့်မှန်းနိုင်သည်။
မချီနိုင်တော့မှာစိုးတာကြောင့်
အားနေလေ့ကျင့်ခန်းတွေလုပ်နေသည်မှာ
ဂျောင်ဂုကိုယ်တိုင်အသိဆုံးဖြစ်သည်။

ရယ်နေတဲ့ဂျောင်ဂုကိုကြည့်ရင်း
ဂျီမင်းမှာနားမလည်နိုင်စွာ။
ဟုတ်တယ်လေ ဘာအမှားပါလို့တုန်း..

"အဲ့မှာ တက်အောင်ရယ်နေလိုက်တော့"

"အမယ်လေး ပတ်ခ်ဂျီမင်းရယ်...
ရယ်ရတာသေတော့မှာပဲ
ငါကအများကြီးထွားလာတယ် ဟုတ်လား.."

"ထွားလာတာပေါ့။
စင်တီမီတာဝက်လောက် အရပ်ထွက်လာတယ်"

"အိုက်ဂူးး ဟုတ်ပါပြီ အကိုလေးရယ်...
ချစ်ဖို့ကောင်းတယ်"

မျက်နှာချင်းဆိုင်ရပ်နေရင်းကနေ
အနားကိုတိုးလာပြီး
ခေါင်းလေးကိုပုတ်သွားကာ
မေးစေ့လေးကိုခပ်ဖွဖွလေးပွတ်သွားသည်။
ယုန်သွားပိစိကလေးတွေပေါ်အောင် ရယ်သွားပြီး
အသည်းတယားယားဖြစ်နေတဲ့ပုံပေါက်နေသော
ဂျောင်ဂုကြောင့်ဂျီမင်းစိတ်ထဲမလုံမလဲ။
အရင်ကလဲအခုလိုဆိုပေမယ့်
ဂျီမင်းစိတ်ထဲအခုလိုမခံစားရပါ။
ဟုတ်တော့မဟုတ်သေးဘူးထင်တယ်။

𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫:𝐅𝐨𝐫𝐞𝐯𝐞𝐫Where stories live. Discover now