Part 6💕

209 31 9
                                    

~Uni~


နေ့လည်အတန်းချိန်စနေပြီဖြစ်သော်လည်း
အခုအချိန်ထိတီချယ်မဝင်သေးတာကြောင့်
အခန်းထဲမှာ ဂျီမင်းတစ်ယောက်
ငူငူငိုင်ငိုင်ကြီးထိုင်နေမိသည်။
ဘေးနားမှာရှိတဲ့ဂျောင်ဂုကတော့
စာကိုဘဲထိုင်ဖတ်နေသည်။

"ဂျောင်ဂု စာတွေကြီးဘဲဖတ်နေတာ
မပျင်းဘူးလားကွာ။
မင်းမျက်မှန်တွေဘာတွေတပ်နေရမယ်နော်
အဲ့လောက်ကြီးစာလုပ်နေတာတော့မဟုတ်သေးဘူး"

"မင်းကရောဒီတိုင်းထိုင်နေရတာမပျင်းဘူးလား"

"ပျင်းတာပေါ့ မေးလဲမေးတတ်တယ်"

"ငါလည်းဒီတိုင်းထိုင်နေရတာပျင်းလို့
စာအုပ်ဖတ်နေတာလေ ပတ်ခ်ဂျီမင်းရဲ့။
ပြီးတော့စာအုပ်လိုက်ကြီးဖတ်တာက
မျက်လုံးသိပ်မကိုက်ဘူး။
ဖုန်းနဲ့ဖတ်မှသာ မျက်လုံးကမခံနိုင်တာ။
စာအုပ်လိုက်ကြီးဖတ်ရင်ဘာမှမဖြစ်ဘူး"

ဂျောင်ဂုပြောလိုက်တဲ့စကားကို
ဂျီမင်းနှာခေါင်းရှုံ့ပြလိုက်ရင်း

"ငါမေးမယ်ကွာ ငါ့မျက်နှာနဲ့
အဲ့စာအုပ်နဲ့ဆိုဘယ်ဟာကပိုစိတ်ဝင်စားဖို့ကောင်းလဲ"

ဘေးနားကနေတတွတ်တွတ်ပြောနေတဲ့ဂျီမင်းကို
လှည့်မကြည့်ဘဲ ဂျောင်ဂု စာအုပ်ကိုသာဖတ်နေလိုက်သည်။
ပြောနေရင်းကပင်ထပြောလာတဲ့စကားကြောင့်
ကိုင်ထားတဲ့စာအုပ်ကိုစားပွဲခုံပေါ်ပစ်တင်လိုက်ပြီး
ဂျီမင်းနဲ့မျက်နှာချင်းဆိုင်လိုက်တော့သည်။
ပတ်ခ်ဂျီမင်းရုပ်ကလေးဘယ်လိုဖြစ်နေမှန်း
ပုံဖော်ပြီးမရေးပြလဲ ကျိန်းသေပေါက်သိကြမယ်ထင်ပါတယ်။

"ဘယ်ဟာလို့ထင်လဲ"

"သေချာပေါက်ငါ့မျက်နှာလေးလို့ဘဲ
မင်းဖြေမှာမလား။
ငါ့မျက်နှာလေးကချစ်ဖို့ကောင်းတယ်ဆိုပြီး
ငယ်ငယ်တုန်းကမင်းအမြဲထိုင်ကြည့်နေကြလေ။
အခုအချိန်ထိငါ့ရဲ့ချစ်ဖို့ကောင်းမှုတွေက
ပိုပြီးတော့တောင်များလာတယ်မလား..."

မျက်နှာလေးကိုပင့် မျက်ခုံးလေးကိုပါပင်တင့်ပြီး
ပါးနှစ်ဖက်လုံးကိုသူ့ကိုယ်သူပြန်အုပ်ကိုင်ပြီး
မေးလေးတဆတ်ဆတ်ခါပြကာ
ယုံကြည်မှုတွေလွန်ကဲပြနေသည်။
တစ်ခြားသူသာဆိုရင်တော့
တစ်ချက်လောက်ထရိုက်မိမှာဖြစ်ပေမယ့်
ဂျွန်ဂျောင်ဂုကြီးမှာတော့
နှုတ်ခမ်းပါးကိုတတိတိကိုက်ကာ
နှာခေါင်းလေးရှုံ့ပြီးအသည်းယားနေသေးသည်။
တစ်ခြားသူမှမဟုတ်တာ ဂျွန်ဂျောင်ဂုလေ။

𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫:𝐅𝐨𝐫𝐞𝐯𝐞𝐫Where stories live. Discover now