Part 5💕

193 34 16
                                    

~Uni~

"ဂျွန်ဂျောင်ဂု!!"

အခန်းရှေ့ကနေခပ်မြန်မြန်ထွက်လာခဲ့ပြီး
ဘေးနားမှာရှိနေတဲ့ဂျောင်ဂုရဲ့လက်ကိုဆွဲကာ
သန့်စင်ခန်းထဲကိုဆွဲခေါ်လာခဲ့သည်။
မခေါ်လာလို့မရတော့ဘူးလေ
အခန်းရှေ့မှာဖြစ်နေတာကတစ်ကြောင်း
ကော်ရစ်တာမှာရှိနေတာတစ်ကြောင်း
ကျောင်းတက်ချိန်မနီးသေးတာကြောင်း
ကျောင်းသားဟိုတစ်စုဒီတစ်စုနှင့်
ရုတ်ရုတ် ရုတ်ရုတ်ရှိနေသေးသည်။

ဂျောင်ဂုပြောလိုက်တဲ့အသံသည်
အနည်းငယ်အားပါသွားသလိုဖြစ်နေတာကြောင့်
အနီးအနားမှာရှိနေတဲ့ကျောင်းသားတွေထိပါ
အကုန်လုံးရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
အဲ့ခနအတွင်းလှုပ်ရှားမှုတွေငြိမ်သက်သွားပြီး
အကြည့်တွေအားလုံးက
ဂျီမင်း၊ဂျောင်ဂု နှင့် အရှေ့ကကောင်မလေးတို့ထံတွင်သာ
စုပြုံပြီးရောက်ရှိလာကြသည်။
ရှက်နေတာတွေ ရင်တုန်တာတွေမသိတော့ဘဲ
မျက်နှာပူပူနဲ့သာအကုန်လုံးရှေ့ကနေ
ဂျောင်ဂုရဲ့လက်ကိုဆွဲပြီးထွက်ပြေးလာခဲ့မိသည်။

ဂျောင်ဂုကတော့
ခုကပြောလိုက်တာသူမဟုတ်သည့်အတိုင်း
ကြောင်တောင်တောင်လေးဂျီမင်းဆွဲခေါ်ရာနောက်ပါလာခဲ့သည်။

သန့်စင်ခန်းထဲရောက်တော့
ဆွဲထားတဲ့လက်ကိုလွှတ်လိုက်ပြီး
မျက်နှာချင်းဆိုင်ရပ်ကာနာမည်ကိုအော်ပစ်လိုက်သည်။
လူတစ်ယောက်မှမရှိနေသောကြောင့်
ဂျီမင်းအော်လိုက်တဲ့အသံသည်
သန့်စင်ခန်းတစ်ခုလုံးကိုဖုံးလွှမ်းသွားသည့်နှယ်။

"ဖြေးဖြေးအော်ပါ လည်ချောင်းနာသွားအုံးမယ်"

ခုနတုန်းကဖြစ်ခဲ့တဲ့ကိစ္စကြောင့်
ပတ်ခ်ဂျီမင်းအရှက်သည်းစွာ
ဂျွန်ဂျောင်ဂုအားအော်ဟစ်နေခြင်းဖြစ်သည်။
စိတ်တိုသွားလို့အော်မှန်းမဟုတ်တာတော့
ဂျွန်ဂျောင်ဂုသိသင့်ပါတယ်။

အဲ့စကားတွေပြောလိုက်တဲ့အချိန်ခနလေးကတော့
ရင်တုန်တာလိုလို ရင်ခုန်တာလိုလို
ရင်တွေတလှပ်လှပ်ဖြစ်လိုက်ရသေးသည်။
ပါးတွေနားတွေရဲလာပြီး
မျက်နှာကမြေကြီးထဲကိုစိုက်ဝင်မတတ်ငုံ့ထားမိသည်။
မျက်နှာတစ်ခုလုံးတင်မက
ခေါင်းတစ်ခုလုံးပါတော်တော်လေးကိုပူထူသွားသည်။
ဘယ်လောက်မှတော့မကြာလိုက်
အကုန်လုံးရဲ့အကြည့်တွေကြောင့်
ရှက်နေတာတွေအကုန်ပျောက်သွားသည်။

𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫:𝐅𝐨𝐫𝐞𝐯𝐞𝐫Where stories live. Discover now