အပိုင်း ၁

15.6K 1.6K 141
                                    

ဒိုင်မွန်နီယွန် စာအုပ်တိုက်ပိုင်ရှင် ယုဝါ
တစ်ယောက် ရုံးခန်းထဲရောက်ရုံရှိသေး
ပြဿနာက အရံသင့်။

"မမ ဟိုနေ့ညက တစ်ယောက်ထပ်ရောက်လာပြန်ပြီ"

"မောင်းထုတ်လိုက်လေ"

"မရဘူး မမ။ ဆရာ့ရဲ့ လိပ်စာအတင်း
တောင်းနေတယ်"

"ကျစ်။ မရရအောင် အခုမှ ကြုံဖူးတာ
လား။ မရရအောင်ပြန်ခိုင်းလိုက် ။ လို
အပ်ရင် လုံခြုံရေး ခေါ်လိုက်တော့။
သြ ပြီးတော့ ပြောလိုက်။ ဒီနေရာက
ဇိုင် ရဲ့ ပြဿနာတွေရှင်း​ပေးတဲ့နေရာ
မဟုတ်ဘူး။ မကျေနပ်ရင် တရားစီရင်
ရေးသာသွားလို့..."

"ဟုတ်"

"အခုမှကြုံဖူးတာလည်း မဟုတ်ဘဲရေး
ကြီးခွင်ကျယ်တွေလုပ်ပြီး..."

ဝန်ထမ်းထွက်သွားပြီပေမဲ့ ယုဝါက
တော့ မကျေနပ်ချက်တွေ မကုန်ခမ်း
နိုင်သေး။ မနေ့ညက သူမဆီရောက်လာ
တော့လည်း ဟိုသကောင့်သားကိုသူပြောပြတော့ရော ထူးလို့လား။ မောက်
မာလွန်းသည့် ထူးထူးဆန်းဆန်းစကား
တွေပဲ သူမကြားလိုက်ရသည် မဟုတ်
ပါလား။

ဒီလိုအချိုးမပြေ ၊ မောက်မာလွန်းပြီး
ပုဂ္ဂိုလ်ရေး ပွေရှုပ်သည့်အပြင်ပြဿနာတွေတန်းစီနေသည့် ဇိုင် ကိုဘာလို့များ သူတို့ စာအုပ်တိုက်က စာချုပ်ချုပ်ခဲ့ပါ
သနည်း။ အဖြေက ရှင်းသည်။ အနှီ အချိုးတစ်စက်မျှ မပြေသည့် ဇိုင် ကို
သူမ နှစ်သက်သည်။

ဟုတ်ပါ၏ ။ ဇိုင်သည် သူတို့ကြယ်စု
တွင် ကြောက်မက်ဖွယ်ရာများ၏ ဘုရားသခင် ဟု တင်စားခံရသည်။
အတိအကျပြောမည်ဆိုလျှင် ယင်း၏ ဖန်တီးနိုင်စွမ်းကဤဂြိုလ်ပေါ်တွင် ပြိုင်စံရှားပင်။ သားရဲမျိုးစိတ်တွေကိုတောင် တုန်လှုပ်ခြောက်ခြားသွားစေနိုင်သည့် ကလောင်စွမ်းက ဇိုင့် မှာသာရှိသည်။ ဇိုင် ၁၈နှစ်မှာ ပထမဆုံးရေး
သားခဲ့သည့် အရိပ်ဖြူ ဟူသော ခြောက်ခြားဖွယ်ရာ ဝတ္ထုသည် အွန်
လိုင်းကွန်ရက်တစ်ခုလုံးကို ကိုင်လှုပ်
သွားနိုင်ခဲ့သည်။ ဘယ်အချိန်ပြန်
တွေးတွေး ယုဝါကြက်သီးများထရ
သည်အထိ ထိုစဥ်အချိန်က ဇိုင်၏ ကျော်ကြားမှုက ခမ်းနားသည်။ စာအုပ်
တိုက်ပိုင်ရှင်တွေ အလုအယက် ဆက်
သွယ်ကြသော်လည်း ထိုကလောင်ရှင်
၏ အရိပ်မျှပင် ဖမ်းမမိခဲ့ကြ။  ဘယ်သူ
ဘယ်ဝါရယ်လို့မသိခဲ့ရ။ အတော်ဆုံး
စနစ်ချိုးဖောက်ဝင်ရောက်နိုင်သူများ
ကြား ဇိုင် မည်သူမည်ဝါဆိုသည့် သတင်းသဲ့သဲ့က လေတိုးသံလေးလို
ဝေ့ခနဲကြားလိုက်နိုင်ရုံသာ။ အညှီကို
ယင်အုံသလို ထိုသတင်းပေါ်ဝိုင်းအုံမလာနိုင်ခင် သတင်းက လေပြေလေးပမာ ပြတင်းတံခါးဆီမှ ထွက်သွားခဲ့
လေသည်။

အရမ်းချမ်းသာတဲ့ ဘီတာက ငါ့ကိုမချစ်ဘူးWhere stories live. Discover now