အပိုင်း ၃

8.5K 1.2K 126
                                    

"ဆရာဇိုင်"

"အိုး...ရှစ်"

ဇိုင် ထုတ်လည်းဆဲ ၊ တရိုတသေ ခေါ်လာသူကို ဆက်ခနဲလှည့်ကြည့်လိုက်၏။

"ကျွန်တော်လိုက်ပို့ပါရစေ"

"အိပ်ချင်လို့လား"

"မဟုတ်ဘူး။ ဆရာအိပ်ချင်နေလို့လေ
စိတ်ပူလို့..."

ဇိုင် နှစ်ထပ်ကွမ်းစိတ်ညစ်သွားရပါပြီ။
ဇိုင်ပြောသည့် အိပ်ချင်လို့လား ကို တစ်
ဖက်လူက တကယ့်အိပ်စက်ခြင်းလို့ပဲ
နားလည်လိုက်သည်။ ချဥ်းကပ်နည်းအ
သစ်လားဟု မသိမသာအကဲခတ်တော့
လည်း အပြုံးနှင့်လေးစားရို့ကျိုးခြင်း
လေးက အဖြူထည်။ အဲ့လို ပုံစံတွေက
သူ သဘောမကျဆုံးအရာတွေပဲ။ သို့
ပေမဲ့ ဒီမာန်၏ ထုတ်မပြောသော ယုံ
ကြည်ခြင်းများကို နားလည်နေသူမို့
ဇိုက် သက်ညှာပေးလိုက်ပါမည်။

"ဒီခေတ်မှာ ဘယ်သူက ကားမောင်း
လို့လဲ"

"ကျွန်တော်မောင်းပေးပါ့မယ်"

ပြောရင်း ဇိုင့်လက်ထဲမှ ကားသော့ကို
ဖြတ်ခနဲဆွဲယူ ၊ လက်ကောက်ဝတ်ကို
ပါ ဆုပ်ကိုင်ရင်း ကားရှိရာသို့ ဆွဲခေါ်
သည်။ လှုပ်ရှားမှုက စနစ်တကျ ဣန္ဒြေိရရ။ ကို့ယို့ကားရားဆိုတာမျိုးလည်း နတ္တိ။ စက္ကန့်ပိုင်းလေးကတင် ရိုးသားသော လူအေးလည်းဖျက်ခနဲများအငွေ့
ပျံသွားလေသလားဟု ဇိုင့်မှာ ဘေးဘီ
ကို ဝေ့ဝဲကြည့်ရသေးသည်။

ဂြိုလ်ပြာသားတို့၏ နာမည်ကြီး ဇာတ်
ကွက်ကို သူပြုမူသည်။ ဟုတ်ပါသည်။
ဇိုင့်အတွက် လုံခြုံလေးစနစ်ဖွင့်ပေး။
အလိုအလျောင်မောင်းနှင်စနစ်ထည့်ထားသည့် ကားကို သူက ကိုယ်တိုင်
မောင်းတော့မည်။ စခရင်ကနေပင်
စတီရာခွေကို တောင်းနေပြီ။

"ဟမ် ။ မင်း မောင်းမလို့လား"

"အွန်း။ ဆရာဇိုင်က သက်တောင့်သက်
သာ လိုက်ခဲ့ပါ"

"ဘာတုန်းဟ!"

ဇိုင့်အတွက် လုံးဝအသစ်။ မွေးကတည်း
က ဘယ်သူက ကားကိုတကူးတကမောင်းတော့လို့လဲ။ ပြီးတော့...

"ဆရာ ကြီး ထည့်မခေါ်နဲ့။ အသက်အရမ်းကြီးသွားသလိုပဲ"

"ကျွန်တော်က လေးစားလို့ပါ"

အရမ်းချမ်းသာတဲ့ ဘီတာက ငါ့ကိုမချစ်ဘူးWhere stories live. Discover now