အပိုင်း ၄

8.5K 1.3K 212
                                    

ယုဝါ၏ အခန်းကအေးစက်ရှင်းလင်း
နေသည်။ စာပေတိုက်ကို သူရောက်တော့ ယုဝါတောင်မရောက်သေး။ မနေ့
ကလည်း ယုဝါက ဖုန်းတွေဆက်တိုက်
ဆက်ထားတာ။ သူမကိုင်ဘူး။ ပြန်နိုး
လာတော့လည်း မကိုင်ဘူး။ လီဟန်
နှင့် ဇာတ်လမ်းဆက်နေရပြီး လီဟန်
ပြန်သွားတော့လည်း စာဖတ်နေ၍ အရေးမလုပ်ခဲ့။ အကျိုးဆက်က ရုံးခန်း
ထဲထိ လိုက်သွားတာတောင် မမ က မ
ရောက်လာသေး။

"ဇိုင်...မနက်စာမှာပေးရမလား"

ဝန်ထမ်းကောင်မလေးက အားနာနာနှင့်
လာမေးသည်။

"ပူပူနွေးနွေးလေးတစ်ခုလောက်။ သြ
သစ်ခေါက်မွှေးနံ့လေးပါထည့်"

ကောင်မလေးမျက်နှာညှိုးခန​ဲဖြစ်သွား
သည်ကို သတိထားမိလိုက်သည်။ ဇိုင်
လူယုတ်မာဆန်ဆန်ပြုံးမိသည်။

နင်တို့ရဲ့ အမျိုးကောင်းသားက ငါနဲ့ အိပ်လိုက်ပြီ ဟူသော အထာနှင့်ပေါ့။
မနေ့က နှလုံးဖောက်စားလူသားတွေ
အကြောင်းဖတ်နေရင်းက အော်ဂလီ
ဆန်လာတာနဲ့ လီဟန့် ဆိုရှယ်ထဲဝင်
ကြည့်မိသည်။

သူကိုယ်တိုင်သုံးတာမျိုးတော့မဟုတ်ဘူး။ မန်နေဂျာက သုံးပေးတာ။ ကြေငြာတွေ ၊ အလုပ်တွေ လောက်ပဲ
တစ်လှည့်စီတင်တာ။ လီဟန် ၏ နေစဥ်ဘဝအပိုင်းအစလေးတွေက တွေ့ရခဲစွာအနည်းအကျဥ်း။ အနုပညာသက်တမ်း
တလျှောက် တစ်ထစ်ချင်းတက်လာ
သည့် စစ်မှန်သည့်အနုပညာလေးဖြစ်
ကြောင်း ထောက်ခံချက်တွေမှအများ
ကြီး။ ရည်းစားမရှိ ၊ မှားယွင်းစွပ်စွဲခံရ
မှုမရှိ။ ဖြတ်လျှောက်ဘဝ ၊ မော်ဒယ်ဘဝ ၊ ဇာတ်ရံ ၊ ထိုမှတစ်ဆင့် ဒုတိယ
နေရာကနေ ဒီနှစ်ပိုင်းတွေမှာ အေအဆင့်သို့ သတင်းကောင်းများစွာနှင့်တက်လှမ်းလာခဲ့သည်။ မိသားစုများမှလွဲ၍
ဘယ်သူမျှမရဖူးခဲ့သည့် ဆောင်းမနက်ခင်း သစ်မွှေးနံ့ အကြောင်းဖတ်ရတော့
သူအလိုလိုနေရင်း ပြုံးမိသည်။ ဘယ်
လို အယ်ဖာလဲ။ ဒီလောက်ကောင်းသည့်
ကိုယ်ပိုင်ရနံ့ကို ဘာကိစ္စဖုံးကွယ်ထားရ
သနည်း။ မနေ့ညက ဇိုင်ရခဲ့သည့်ရနံ့
အကြောင်းတွေးမိတော့ အခုချက်ချင်း
တောင် တစ်အိပ်ရာထဲအိပ်ချင်မိသည်။
မနေ့ညက သူ့စိတ်ထဲ တကယ်နေလို့
ကောင်းပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်
ခဲ့ရတာ။

အရမ်းချမ်းသာတဲ့ ဘီတာက ငါ့ကိုမချစ်ဘူးWhere stories live. Discover now