Epi 9 ZG

2.3K 123 2
                                    

မိသားစုစုံညီတွေ့ရမည့်အရေး ဇိုင်ရင်
လေးနေခဲ့သည်။
အယ်လ်ဖာကောင်၏ ယာယီအမှတ်အ
သားကို ရယူခဲ့ရပြီးသည့်နောက် သူဟာ
သုံးရက်သုံးည မက လောကကြီးနှင့်
အဆက်အသွယ်ပြတ်သွားခဲ့ရသည်။
ပြန်လည်နိုးထလာချိန်မှာတော့ လူသစ်
တစ်ယောက်လို အားသစ်အင်သစ် ၊
နောက်ပြီး ပျပျလွင့်ထွက်နေတတ်သော
ကိုယ်သင်းနံ့နှင့်...

ဟန် နှင့် အရင်လူတွေလိုသာအိပ်ဖြစ်ခဲ့ရင် သူဟာဂြိုလ်တစ်ခုလုံးကို

"တွေ့လား...နင်တို့ရဲ့ ကိုရည်မွန်မောင်
ယဉ်ကျေးလေးက ငါနဲ့အိပ်လိုက်ပြီ"

ဆိုပြီး စိတ်ဒဏ်ရာတွေကို အတွဲလိုက်
နေ့မအား ၊ ညမအားပေးဖို့ စဉ်းစားထား
ပြီးသား။

အခုက အခြေအနေမတူ။ ဘယ်လိုဖုံး
ဖုံး မကွယ်နိုင်သည့် သစ်မွှေးနံ့ကြောင့်
သူဟာ သူနဲ့မတူသလို ရွံတွန့်တွန့်နှင့်...
အပျိုဖြန်းလေး လင်ကောင်းသား
ကောင်းရလိုက်ပြီး အမျိုးတွေထဲရှက်
သွေးဖြန်းနေသလို ခံစားချက်ကြီးက
ဂုတ်ခွစီးထားသလို။

အပြင်ကလည်း မထွက်လို့မရ။ သူ၏
နှလုံးဖောက်စား လူရိုင်းများအကြောင်း
စာအုပ်နှင့်ပတ်သတ်သည့် အစည်း
အဝေးရှိသည်။ လီဟန် တို့ ရိုက်ကူးရေးအဖွဲ့နှင့်လည်းတွေ့ဖို့ရှိသေးသည်။ ဇာတ်ညွှန်းဆွေးနွေးပွဲဖြစ်သည့်အတွက်
သရုပ်ဆောင်တွေ မပါ ။ ရိုက်ကူးမှု
နောက်ကွယ်က ဝန်ထမ်းတွေနဲ့ချည်း
ပဲမို့ တော်သေး၏။ ဇိုင် လီဟန်နှင့်ပြန်
တွေ့ဖို့ရန် အဆင်သင့်မဖြစ်သေး။ လီ
ဟန်က သူနှင့်အတူ နှစ်ရက်အတူတူ
နေပေးပေမဲ့ သုံးရက်မြောက်နေ့မှာ ပြန်
သွားရလေသည်။ အလုပ်က ပစ်ထား
လို့မှမရတာ။ ဒါတောင် သူနှင့် အိပ်လိုက်သည့် ၂ရက်မှာ အလုပ်ဘယ်နှစ်ခု
လောက် ဖျက်လိုက်ရလဲ မသိ။ လီဟန်
တစ်ယောက် လီယဉ်နှငိ့ဘယ်လိုစခန်း
သွားနေသလဲ။ အဆင်မှပြေရဲ့လား။
လီယဉ်သူ့ကိုယ်သူမီးရှို့သတ်တာက အကြောင်းမဟုတ်။ လီဟန်က သူ့ကိုယ်
သူအပြစ်တင်နေတာမျိုးကိုတော့...
ဒါမျိုးမိမိ လက်မခံနိုင်ပါပဲ။  အခုထိ သတင်းမထွက်လာသေးပုံထောက် လီဟန် နှင့်လီယဉ်ကြား အပေးအယူတစ်
ခုခုရှိနေလိမ့်မည်။

အရမ်းချမ်းသာတဲ့ ဘီတာက ငါ့ကိုမချစ်ဘူးWhere stories live. Discover now