Epi 8 ZG

2.5K 132 2
                                    

အခန်းတွင်း ပျံ့လွင့်လွှမ်းခြုံထားသော
သစ်မွှေးနံ့ နှင့် အတူ ဇိုင်ကိုယ်တိုင်သည်
လည်း အသိစိတ်က လူးလာခေါက်တုံ့။
ဟန်၏ သူ့အပေါ်ရှိနေသော လိုအင်ဆန္ဒ ၊ တောင့်တမှု ၊ သောက်လေသောက်လေ ငတ်မပြေဖြစ်မှုများကြောင့်သူ့ကိုယ်သူ သားရဲကမ္ဘာမှ သက်ရှိအဖြစ် ပထမဆုံးအကြိမ်ခံစားလာရသည်။
အချိန်တွေ ဘယ်လိုကုန်ဆုံးသွားလည်း
မသိ။ သူတို့၏ အချိန်ဖြတ်ကျော်မှုပုံစံကတော့ တစ်သမတ်တည်း။ အကြိမ်ကြိမ်ပုံစံမျိုးစုံပြောင်းရင်း...မလွတ်ထွက်သွားအောင် ထွေးပွေ့ရင်း...ဟန့်နှုတ်မှထွက်သည့် ချစ်တယ်။ အရမ်းချစ်တယ် ဆိုသည့်စကားကို နားယဉ်သွားသည်အထိ နားထောင်ရင်း...
ဇိုင်တစ်ကိုယ်လုံး ဟန့်ကို ပုံအပ်ထားခြင်းသာ တတ်စွမ်းနိုင်သည်။ သူ၏
သွေးသန့်သော အယ်လ်ဖာသည် ရာသီ
စက်ဝန်းကို သူနှင့်အတူ စိတ်ရောကိုယ်
ပါနှစ်၍ ဖြတ်ကျော်နေလေ၏။
အမြဲလိုလို မပြီးနိုင်သေးဘူးလား။ ငါ့
ပေါ်က ဆင်းတော့ စသည်ဖြင့် စိတ်မရှည်လက်မရှည်ဖြစ်တတ်သော
ဇိုင်မှ ဟုတ်ပါလေစ။ အယ်လ်ဖာ၏ လို
အင်ဆန္ဒနောက်ကို ထပ်ကြပ်မခွာပြေး
လိုက်နေမိသည်။ ဘယ်တော့မှပြီးဆုံး
မှာလဲဆိုသည့် စိတ်နှင့် မပြီးဆုံးလိုက်
နှင့်ဉီး ဆိုသည့်စိတ်က ကြီးစိုးချယ်
လှယ်သည်။ ရနံ့မှာ မူးယစ်လျက် အထိ
အထွေ့တွင် သူ တိမ်းမူးသည်။ ကျောက်ဆိုင်ဆီ ​အရှိန်နှင့် ပြေးဝင်လာ
သော လှိုင်းလုံးများပမာ ကြမ်းတမ်း
ပြင်းထန်လျှင်လည်း သာယာမှုနှင့် မျက်ရည်ဖြိုင်ဖြိုင်ကျမိသလို
ကမ်းစပ်ဆီ ဖြည်းဖြည်းလေးလျှောတိုက်ကမ်းကပ်လာသလို ညင်သာ​ပျော့
ပျောင်းသွားရင် ဇိုင့်ခန္ဓာကပါ လေလွင့်
နေသည့် ဖဲကြိုးလေးလို ဖြစ်သွားတတ်
သည်။

ခန္ဓာနှစ်ခု အကြားမလပ်မရှိထိတွေ့ခြင်း
တွင် အယ်လ်ဖာ၏ စိတ်ဆန္ဒက ပြေ
လျော့သွားသည်ဟူ၍ မရှိ။ လေတိုက်
ခတ်၍ ပွင့်သွားသော ပြတင်းပေါက်လိုက်ကာကြားမှ တစ်ဆင့် အရံလနှစ်
စင်းက အပြိုင်ဖြာကျလာနေပြီ။ လရောင်ထိတွေ့သွားသော အယ်လ်ဖာ
သည် အဆုံးသတ်ကို အပြင်းအထန်
တောင့်တ လာခဲ့၏။ ရာသီစက်ဝန်း၏
ပြီးပြည့်စုံမှု အပိုင်းသည် အမှတ်အသား
ပေးခြင်းဖြစ်ပြီး ယှက်ဖြာလိုက်ခြင်းပင်။ အလိုက်သင့်စီးမျောနေရင်း
မှ ဟန်၏ အဆုံးသတ်အတွက် စိုးရိမ်
စပြုလာရသည် ။ အမှတ်အသားအတွက်လည်း သူ့ရနံ့ဂလန်းက မဖွံ့ဖြိုး
သေး။ ယှက်ဖြာဖို့ရန်လည်း သားအိမ်မရှိ။ ဟန်နာကျင်ရလိမ့်မည်။
ယခုတောင် သူ့ဆန္ဒကို အပြည့်အဝဖြည်ပေးနိုင်၏ မနိုင်၏ ဇိုင်မသေချာ။

အရမ်းချမ်းသာတဲ့ ဘီတာက ငါ့ကိုမချစ်ဘူးWhere stories live. Discover now