Prologue

840 72 9
                                    

Unicode Version

ခန်းဆီးလိုက်ကာစ ဖြူသွယ်သွယ်တွေဟာ လေပြည်တစ်ချက်တိုက်ခတ်လိုက်တိုင်း တလွင့်လွင့်နဲ့ ဝေ့ဝဲလို့နေတယ်။ ပွင့်လွှာတစ်ချက်ချင်းစီတိုင်း ချေမွခံထားရတဲ့ နှင်းဆီနီတွေကတော့ ကြမ်းပြင်ပေါ်မှာ ပြန့်ကြဲကြဲဝေဆာလို့ရယ်။ ပွင့်လွှာနီတွေပေါ် သူခြေဗလာနဲ့လျှောက်လှမ်းလိုက်တယ်။ နူးညံ့မှုက ဖော်မပြနိုင်အောင်ပဲ။

ကတ်ဆက်က ခေတ်ဟောင်းတေးသွားတစ်ခုကို သူခပ်ပါးပါးငြီးတွားရင်း မှန်တင်ခုံက မှန်ရိပ်မှာ သူ့ရဲ့ပုံရိပ်ကို ကျေနပ်စွာတစ်ချက်ကြည့်လိုက်တယ်။ ခပ်လွင်လွင်အဖြူရောင်ရှပ်ကော်လံအင်္ကျီက သူ့ကိုယ်ပေါ်မှာ လျော့ရဲရဲ။ သူ့ရဲ့ပုံရိပ်ကို သဘောတကျကြည့်နေရင်းနဲ့ မနှစ်သက်စရာတစ်ခုခုကိုရှာတွေ့သွားတဲ့အခါ သူ့ရဲ့မျက်ခုံးတွေက အလိုလိုတွန့်ချိုးသွားတယ်။

" ဒီအင်္ကျီက ဘာလို့ကြယ်သီးတွေအဲ့လောက်များနေတာလဲ "

အလိုမကျသလို ခပ်တိုးတိုးရေရွတ်လောက်ရင်း နှစ်လုံးမြောက်ကြယ်သီးကိုထပ်ဖြုတ်လိုက်တယ်။ ဒုတိယမြောက်ကြယ်သီး ပွင့်ဟသွားတဲ့အချိန်မှာ ဖုံးကွယ်ထားတဲ့ သူ့ရဲ့လည်တိုင်ဟာကျော့ရှင်းစွာ ပေါ်ထွက်လာခဲ့တယ်။ အဲ့ဒီအခါမှ သူ့ရဲ့လည်ပင်းကိုလက်နဲ့ခပ်ဖွဖွတို့ထိကြည့်ပြီး သဘောကျစွာပြုံးမိတော့တယ်။

ထိုလူက သူ့ရဲ့လည်ပင်းကို နမ်းရတာသိပ်သဘောကျတာမလား... သူကလည်း အလိုက်သိပေးရမှာပေါ့

ဖီးသင်ထားခြင်းမရှိတဲ့ ဆံနွယ်တွေကခပ်ပွပွနဲ့။ ကြည့်ကောင်းရုံလောက်သာ ဆံပင်ကိုလက်နဲ့အသာသပ်လိုက်တယ်။ ခုနကတည်းက ဝါးထားတဲ့ ပူရှိန်းပီကေကိုလည်း ထွေးထုတ်ပြီး အမှိုက်ပုံးထဲသွားထည့်လိုက်တယ်။

ကာကီရောင်အခန်းထဲက မီးရောင်ကတော့ မှိန်ပျပျနဲ့လင်းလက်တယ်။ စားပွဲခင်းအဖြူပေါ်မှာ မွေးနေ့ကိတ်လေးတစ်လုံးရှိတယ်။ မွေးနေ့ကိတ်မှာ ဖယောင်းတိုင်မထွန်းရသေးတာက တစ်စုံတစ်ယောက်ကို စောင့်နေတာမလို့။

သူစားပွဲဘေးက ထိုင်ခုံပေါ်မှာအသာအယာထိုင်လိုက်တယ်။ သူ့ကိုယ်ထက်ပိုကြီးနေတဲ့ ဒီရှပ်အင်္ကျီက သူ့ကိုသိပ်တော့ သက်တောင့်သက်သာမဖြစ်စေဘူး။ အင်္ကျီကကြီးနေရတဲ့အပြင် ကြယ်သီးနှစ်လုံးပါထပ်ဖြုတ်ထားတာမလို့ လည်ပင်းသားအပြင် လှုပ်ရှားလိုက်တိုင်း သူ့ရဲ့ပုခုံးတစ်ဖက်ပါ လှစ်ဟသွားတတ်တယ်။

Trapped In Sunflower Where stories live. Discover now