Episode 3

248 51 29
                                    

Unicode Version

ဧည့်သည်တွေအတွက်ဆိုပြီး တည်ခင်းဧည့်ခံထားတဲ့ အသီးပန်းကန်ထဲက စတော်ဘယ်ရီတစ်လုံးကိုယူပြီး ပါးစပ်ထဲကောက်ထည့်လိုက်တယ်။ ပါးစပ်ထဲဝင်လာတဲ့ ချိုချိုချဉ်ချဉ်အရသာနဲ့ စတော်ဘယ်ရီကြောင့် ဂျဲနို အသာပြုံးမိလိုက်သလိုပဲ။ ဟယ်ချန်းလည်း စတော်ဘယ်ရီကြိုက်တယ်။ အိမ်ပြန်ရင် စတော်ဘယ်ရီတွေ အိမ်ယူသွားရမယ်လို့တွေးရင်း နောက်ထပ်စတော်ဘယ်ရီတစ်လုံးကို ပန်းကန်လုံးထဲကယူပြီး ပါးစပ်ထဲထပ်ထည့်လိုက်တယ်။

လီမာ့ခ်က မလာလောက်တော့ဘူးထင်တယ်။

အတွေးဆုံးတာနဲ့ သူ့ရဲ့နှုတ်ခမ်းဒေါင့်တွေက ပိုကော့ညွှတ်သွားတယ်။ မနက်ဖြန်ဆိုရင် ကနေဒါသွားတော့မှာလို့ လီမာ့ခ်ရဲ့အတွင်းရေးမှုကပြောထားတာပဲ။ အခုလောက်ဆို မနက်ဖြန်အတွက် ပြင်ဆင်နေလောက်ပြီပေါ့။ သူ အလကားသပ်သပ်စိတ်ပူမိသွားတယ်။

အတွေးဆုံးတာနဲ့ စိုးရိမ်မှုကြောင့် တောင့်တင်းနေတဲ့ သူ့ရဲ့ပုခုံးတွေက ခပ်လျောလျောဖြစ်သွားကြတယ်။ အခုဆိုရင် လီမာ့ခ်ပြန်မလာသေးသ၍ သူတို့မိသားစု စိတ်အေးလက်အေးနေလို့ရလောက်ပါရဲ့။ သုံး၊ လေးနှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ ဟယ်ချန်းရဲ့ အသက်က ဆယ်နှစ်ဝန်းကျင်လောက် ရှိနေလောက်ပြီ။ ကလေးပေါက်စလေးအရွယ်အစားကနေ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာမယ့် ဟယ်ချန်းရဲ့ပုံစံကို ပုံဖော်ကြည့်ရင်း သူ့ရဲ့အပြုံးတွေက ပိုပြီးဖိတ်လျှံလာတယ်။

" အဲ့တာဆို စာချုပ်စာတမ်းကိစ္စတွေ မြန်မြန်လက်စသတ်လိုက်ရအောင်လေ။ အစ်ကိုလေးလည်း ပါလာတာဆိုတော့ အချိန်အရမ်းကြာလို့မဖြစ်ဘူး "

နှုတ်ခမ်းတို့ကို ကော့ညွှတ်ထားရာကနေ မမျှော်လင့်ထားမိတဲ့ စကားကြောင့် ဖန်တီးလက်စအပြုံးတွေက ဝုန်းခနဲ ပြိုကျသွားသယောင်။

" အစ်ကိုလေး? "

အချိန်အတော်အတန်ကြာမြင့်နေပြီဖြစ်တဲ့ လူကြီးတွေရဲ့ စကားဝိုင်းမှာ ဂျဲနိုပထမဆုံးအကြိမ်ဝင်ပြောလိုက်တယ်။ စကားဝိုင်းထဲမှာရှိတဲ့ လူတွေအကုန်လုံးရဲ့အာရုံက ဂျဲနိုအပေါ်ကို အလုအယက်ပြုံတိုးလာကြတယ်။

Trapped In Sunflower Where stories live. Discover now