Episode 5

264 50 46
                                    

Unicode Version

" လက်ထပ်တယ်ဆိုတာ ဘာကိုပြောတာလဲ ကိုကို "

စာကြည့်စားပွဲမှာ အိမ်စာရေးနေတဲ့ ဟယ်ချန်းဆီက ရုတ်တရက်ထွက်လာတဲ့ စကားဟာ ဂျဲနိုရဲ့ မျက်ခုံးနက်နက်တို့ကို မသိမသာတွန့်ချိုးစေခဲ့သည်။

" အဲ့စကားကို ဘယ်ကကြားလာတာလဲ "

ခပ်ဆတ်ဆတ်ဖြစ်သွားတဲ့ လေသံကြောင့် ပျင်းရိပျင်းတွဲထိုင်နေတဲ့ ဟယ်ချန်းရဲ့ ကိုယ်လေးက မတ်ခနဲ။

" ချန်း ကိုကို မေးနေတယ်လေ "

" အတန်းထဲက ကောင်မလေးတစ်ယောက်က ဒီနေ့ နေ့လည်စာစားချိန်မှာ 'ငါတို့ အသက်ကြီးလာရင် လက်ထပ်ရအောင်' ဆိုပြီး လာပြောတာမလို့ ကိုကို့ကို မေးကြည့်တာပါ... "

ဟယ်ချန်းရဲ့အသံဟာ ခပ်တိုးတိုး။ သူ့ကို မှုန်ကုပ်ကုပ်စိုက်ကြည့်နေတဲ့ ကိုကိုက သူ့ကိုအလိုကျမနေဘူးဆိုတာ သူသိတယ်။ ဒါပေမယ့် သူလည်း ဘာအမှားမှမလုပ်မိဘဲ ကိုကိုက ဘာလို့မကျေမနပ်ဖြစ်နေရတာလဲ။

" ဘယ်သူ့ကိုပြောတာလဲ ချန်းကိုလား "

ဟယ်ချန်း ခပ်ဖြည်းဖြည်းခေါင်းညိတ်ပြလိုက်တယ်။ ဘောပင်ကိုင်ထားတဲ့လက်က အိမ်စာလည်း ဆက်မရေးနိုင်တော့။

" အဲ့ကောင်မလေးက ချန်းရဲ့ သူငယ်ချင်းလား? ချန်းက ကိုကိုမသိခင် သူငယ်ချင်းအသစ်တွေထားနေတာလား? "

တဖြည်းဖြည်းနဲ့ လမ်းကြောင်းလွဲလာတဲ့ စကားဝိုင်းကြောင့် သူသိချင်တာမသိရဘဲ အဆူခံရတော့မယ်ဆိုတာ ဟယ်ချန်းရိပ်မိသွားတာမလို့ ခေါင်းကိုအသည်းအသန်ခါလိုက်တယ်။

" မဟုတ်ပါဘူး! ကိုကိုပြောထားလို့ သူငယ်ချင်းတောင် မရှိတာကို... "

" အဲ့ကောင်မလေး နာမည်ရောသိလား? "

" ဟင့်အင်း မသိဘူး "

အဲ့တော့မှ ဂျဲနိုရဲ့ မှုန်ကုပ်ကုပ်မျက်နှာက ပြန်ကြည်လာတယ်။ ပြီးတော့ အားရပါးရပြုံးပြီး စာကြည့်စားပွဲမှာထိုင်နေတဲ့ ဟယ်ချန်းရဲ့ ဆံပင်တွေကို ဆွဲဖွပစ်တယ်။

" ဟယ်ချန်းနီးက လူချောလေးဆိုတော့ ကျောင်းမှာ လက်ထပ်ခွင့်တောင်းတဲ့ ကောင်မလေးတွေတောင် ရှိလာပြီပေါ့ "

You've reached the end of published parts.

⏰ Last updated: Dec 08, 2023 ⏰

Add this story to your Library to get notified about new parts!

Trapped In Sunflower Where stories live. Discover now